UnicodeInchonအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ဖို့
၅မိနစ်အလို......မနေ့ကအလုပ်တွေရှုပ်ကာ အိပ်ရာ၀င်နောက်ကြသွားတဲ့
ကောင်လေးသည် အခုတော့ သူအတင်းခေါ်လာမှုကြောင့်
ကားပေါ်မှာ ခလူးခလောနဲ့အိပ်ပျော်နေလေပြီ။
အိပ်ချင်မူးတူးနဲ့တွေ့ရာဆွဲ၀တ်လာတဲ့ All black နဲ့တင်
မြင်သူငေးမောနိုင်တဲ့အထိ ဆွဲဆောင်မှုရှိလွန်းသည်။ကားမောင်းနေရင်းနဲ့မှ တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေရတာတောင် မ၀နိုင်ပေ။
ဒီဘက်လှည့်ကြည့်လိုက်ရကောင်းမလား။
မဖြစ်သေးဘူး... ဟက်။လေဆိပ်ရောက်သည်နှင့် အိပ်မောကျနေတဲ့ကောင်လေးကို
မနှိုးပဲသူစားဖို့မုန့်နဲ့ကော်ဖီကို အပြေးသွား၀ယ်ရသည်။
သိပ်လဲမစောသလို အရမ်းကြီးလဲနေ့လည်မရောက်သေးတဲ့
အချိန်မလို့ လူတွေကတော့နဂိုထက်များနေတာအမှန်ပဲ။ဆိုင်ရောက်တော့ ကောင်တာသွားရင်းသူကြိုက်တာလေးတွေ
မှာလိုက်သည်။"ညီမရေ Ice-Americano တစ်ခွက်ရယ်
ဒီက Cheese cake လေးရယ် အင်းး ဒီ
Strawberry cake လေးရယ် ပေးပါ "တစ်ခုထဲနဲ့မ၀တတ်တဲ့ကောင်လေးအတွက်
နှစ်ခု၀ယ်သွားရမယ်လေ။"စား စားမလား ပါဆယ်လားရှင့် "
"ပါဆယ်ပဲပေးနော် "
"ဟုတ် ဟုတ် "
ချောမောလှတဲ့ရုပ်ရည်ကြောင့် ဒီလိုတွေကြုံနေရတာက
မဆန်းတော့ ။ ခဏစောင့်ရမယ့်အတူတူ အနီးနားကပတ်၀န်းကျင်ကို အကဲခတ်မိသည်။လေဆိပ်ရောက်နေတယ်ဆိုတော့ ခွဲခွာရတော့မှာမလို့
ဖက်ငိုတဲ့လူကငို ပြန်တွေ့ရလို့၀မ်းသာတဲ့သူက
၀မ်းသာနှင့် ပွက်လောရိုက်နေရော။
ဟန်းနီးမွန်းထွက်လာတဲ့ အတွဲတွေကိုတွေ့တော့လူက
အဆိုးလေးတောင် သတိရသွားသည်။
သူနဲ့ကိုယ်အခုထိ ဘယ်ဟန်းနီးမွန်းမှမထွက်ခဲ့။
ဒီလိုမျိုးချစ်မိသွားလိမ့်မယ်လို့ မထင်ထားတာလဲပါမှာပေါ့။"အစ်ကိုမှာထားတာ ရပါပြီရှင့် "
"ကျေးဇူးပါနော် "
VOCÊ ESTÁ LENDO
❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )