part 12

912 94 21
                                    

Unicode

ဆေးရုံရဲ့ကိုယ်ပိုင်ခန်းထဲမှာထိုင်ကာ ဘောပင်ကို
တစ်တောက်တောက်ခေါက်ရင်း သူတွေးနေမိသည်။
ကလေးငယ်ဟာ အခုရက်တွေမှာ အလုပ်တွေကို
ဖိလုပ်ကာ သူ့နားကထွက်သွားဖို့ ကြံစည်နေလေသည်။  ဘယ်လိုပဲပြောပြော သူနည်းနည်းလေးမှ
လက်မခံနိုင်ပါ ။

"လက်ခုပ်ဆိုတာနှစ်ဖက်တီးမှ မြည်တာ ကလေးငယ်..... ကိုယ်တို့လက်ထပ်တုန်းက နှစ်ဦးသဘောတူ
လက်ထပ်ခဲ့ကြရတာပဲ အခုမှ ကိုယ့်ကို တစ်ယောက်ထဲထားသွားတော့မလို့ စဥ်းစားနေတာလား
ဟင့်အင်း မဖြစ်စေရဘူး..."

ပါးစပ်ကနေ အသံထွက်ကာ မြည်ကျွေးလိုက်ရင်း
အကြံထုတ်နေမိသည်။
ဒီအတိုင်း ပြန်ပေးဆွဲပြီးပဲ ဟိုဘက်အထိ ခေါ်သွား
လိုက်ရမလား...။
ကိုယ်တွေက လက်ထပ်ထားတဲ့သူတွေပဲဟာ..
ဘယ်သူမှမသိလောက်ဘူး....

မဖြစ်သေးဘူး ကလေးငယ်က ဥက္ကဌ တစ်ယောက်
ဖြစ်နေပြီ။ သူ့ကိုဘယ်လောက်ထိနှိမ်နေကြလဲ
ကိုယ်အသိဆုံး  တာ၀န်မကျေတဲ့လူဆိုပြီး
ထပ်ကာအနှိမ်ခံရမယ့်အဖြစ်မျိုးကို သူမလိုချင်ပါ။
ပုံမှန်အတိုင်း ဖြေးဖြေးချင်း ချော့သွားရအောင်လဲ
အဲ့လောက်အချိန်မရတာ သူသိနေတယ်။
ကလေးငယ်ကတစ်ခုခုကို ကြံစည်နေပြီ။

"စိတ်ညစ်တယ်ကွာ...ဟင်း..."

ထိုင်ခုံပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း
သက်ပြင်းသာ အခါခါချနေမိသည်။
လက်ကနာရီကို တစ်ချက်ကြည့်တော့ ကိုယ့်ဂျူတီချိန်တောင်ကျော်နေပြီမလို့... အိမ်ပဲပြန်ရတော့မည်။
သူ့ဘက်ကထွက်သွားချင်နေရင်တောင်
ကိုယ့်ဘက်ကနေ ရသလောက်တော့ ဆွဲထားမှာပဲ။
ဒါမင်းအပေါ်ထားတဲ့ ကိုယ့်အချစ်တွေရဲ့ အတ္တပဲ
ကောင်လေး....။

အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး သူပြန်လာရင်
စားဖို့ ထမင်းချက်ရတော့သည်။
ပြင်ပြီးဆင်ပြီးသည်အထိ သူပြန်မလာသေးပါ။
ဒါကလဲ ထူးဆန်းသည်မဟုတ်တာမလို့
ထမင်း၀ိုင်းလေးမှာ အသာထိုင်ကာ ရှေ့ကဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားသည်များကို
တွေတွေလေး ငေးကြည့်နေမိသည်။

တကယ်ဆို ကိုယ်ချက်ပေးသမျှ အစားအစာတွေဟာ
ကိုယ်တိုင်စားရင်စား မစားရင်သွန်ပြစ်နေရတာပဲ။
သူကတော့ လက်နဲ့တောင် မထိတော့ပါ။
အရင်ကလို ကိုယ်ချက်ပေးတာလေးကို သဘောတကျနဲ့ စားပေးမယ့် ကောင်လေးကို ပြန်လွမ်းမိသား...
ကိုယ့်ကိုမရက်စက်ပါနဲ့တော့ကွာ....

❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )Tempat cerita menjadi hidup. Temukan sekarang