part 2

825 98 10
                                    

Unicode

ဆရာ၀န်ဖြစ်တဲ့ ကျွန်တော်အလုပ်လုပ်တဲ့နေရာက ဖေဖေ့ရဲ့
ကိုယ်ပိုင်ဆေးရုံ K  မှာလေ...

ဆက်ခံသူဖြစ်မည့်အတွက် ဘယ်သူမှမလေးမစားမလုပ်ရဲ
ရှိန်တဲ့သူကရှိန်နှင့် အသည်းအသန်လိုက်မိတ်ဖွဲ့လို့သာ သူငယ်ချင်း တစ်ယောက်စနှစ်ယောက်စ ရလာခဲ့တာ.. 

အခုလဲ ဆေးရုံမှာ ငိုင်ငိုင်ကြီးထိုင်နေသော်လဲ ဘယ်သူမှ ဘာမှမပြောကြပေ။
အရင်က အလုပ်ကြိုးစားလွန်းသောသူသည် အခုငိုင်နေ၍
အံ့သြနေတဲ့သူတွေတော့ရှိသား။

"ဟေ့ jin ငိုင်လှချည်လား ဘာဖြစ်လို့လဲ "

ကျွန်တော့်ရဲ့သူငယ်ချင်းဖြစ်သူ နှလုံးအထူးကု suga  က
ကြည့်စရာရှိတဲ့ လူနာစာရင်းတွေကိုကြည့်ရင်း ကမေးမှ
အတွေးတွေဟာလက်ရှိပြန်ရောက်လာခဲ့သည်။

"ဟင်း မင်းသိလား ငါလက်ထပ်ရတော့မှာ "

"wow  ငါတို့ရဲ့လူပျိုကြီး ကျွတ်တော့မယ်ပေါ့ "

"ဟေ့ရောင် ငါက လိုချင်ရင် အသာလေးကွ မလိုချင်လို့သာ
အခုကလဲ မေမေတို့ကအတင်း... ဟေး ငါ့ပဲပြောမနေပါနဲ့
မင်းဟာမင်းသာ အရင်စွံအောင်လုပ်စမ်းပါ "

"ဘယ်သူမလို့လဲကွ မင်းအမေက မတော်တရော်တွေနဲ့တော့
စီစဉ်ပေးမယ်မထင်ဘူး ပြောပါအုံး "

"Jung gp  က"

"Jung gp  က?  J-Hope? "

"မင်းသိလား "

"သူကလား တ၀်ခါတစ်ခါရန်ဖြစ်ပြီး ဆေးရုံရောက်ရောက်လာလို့ ရင်းနှီးနေပြီပဲပြောရမလား တကယ့်အဆိုးလေးကွာ "

"မင်းသိတယ်ပေါ့ မင်းစဉ်းစားကြည့်ကွာ အဲ့လိုအဆိုးလေးကို
ဘာကြည့်ပြီး ငါနဲ့ပေးစားတယ်ထင်လဲ "

မသိဘူးလေ ဆိုတဲ့ပုံစံမျိုးနဲ့ ပုခုံးတွန့်ပြတဲ့ suga  ကြောင့်
ကိုယ်လဲစိတ်ညစ်နေပြီ။
ကိုယ်တို့တွေအဆင်ပြေပါ့မလား အဆိုးလေးရေ။

"ငါလူနာကြည့်စရာရှိလို့သွားပြီ ဟေ့ရောင် မင်းလဲလုပ်စရာရှိတာ လုပ်တော့ အင်းး ဆေးရုံကကောင်မလေးတွေ သနားပါတယ် သူတို့ရဲ့နှင်းဆီခိုင်ကြီးကို လက်လွှတ်ရတော့မယ် သွားပြီကွာ"

❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )Where stories live. Discover now