part 4

773 93 7
                                    

Unicode

"hyung  ၀င်လာခဲ့လေ "

ဘာကိစ္စနဲ့ကျွန်တော်လိုလူက ဒီ  club  ကိုရောက်လာရတာလဲ? သေချာတာတော့ ကျွန်တော်တစ်ခါမှမရောက်ဖူးဘူးဆိုတာပဲ။

သတ်လတ်ပိုင်းလူကြီးတစ်ယောက်အနေနဲ့
တစ်ခါမှမရောက်ဖူးဘူးဆိုတာ ထူးဆန်းကောင်းထူးဆန်းနေလိမ့်မယ် ဒါပေမယ့် အမှန်ပဲလေ။

အခုကတော့ အရှေ့ကအဆိုးလေးကိုလာပို့ရင်းနဲ့
ကိုယ်လဲအားနေလို့ ၀င်ကြည့်မလားလို့ အတွေးပေါ်လာလို့လေ။

"လာပါဆိုမှဗျာ ဘာမှမဖြစ်ဘူး ကျွန်တော်လာနေကြ "

တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတဲ့ ကျွန်တော့်ကို ကောင်လေးက လက်ကနေဆွဲချိတ်ကာ အတင်းခေါ်လာလေသည်။

လူငယ်တွေကခုန်နေကြတဲ့မြင်ကွင်းနဲ့ သီချင်းမြူးမြူးလေးကြောင့် ကိုယ့်စိတ်တွေတောင်
မြူးလာသလိုပဲ မဆိုးပါဘူး။

ကောင်လေးက ချောင်ကျကျစားပွဲတစ်ခုမှာနေရာယူလိုက်တယ်။
ကျွန်တော်မနေတတ်မှာဆိုးလို့တဲ့။

စားပွဲမှာထိုင်ကာ စားပွဲထိုးလေးအားမှာနေလေရဲ့

"ဘာသောက်မလဲ hyung "

"ကိုယ့်ကိုအပြင်းစားကြီးတွေတော့မလုပ်နဲ့ ကိုယ်မခံနိုင်ဘူး"

"အဟက် အိုကေ ကော့တေးလေးပဲ သူ့ကိုပေးလိုက်တော့
ငါ့ညီ "

ချောင်ကျတဲ့နေရာကို ရှာထားသော်ငြား ချောလွန်းသော
ကျွန်တော့်ရုပ်ရည်ကနဲနဲတော့ ထင်ပေါ်လွန်းနေတာလား။
Club  ထဲရှိမိန်းကလေးများရဲ့အကြည့်က စုပြုံလို့လာခဲ့သည်။ ယောကျ်ားလေးများကရော
အားကျသောအကြည့်များနှင့်......

ကျွန်တော့်အလှလေးကရော တစ်လှုပ်လှုပ်နဲ့ ကဖို့ကိုပဲ
အားသန်နေတယ်။ အားနာလို့ထင်တယ်
ခုံလေးမှာပဲလှုပ်နေလေရဲ့။

"seok "

"ဟင် "

လက်ထဲက ၀ီစကီကိုတစ်ကျိုက်မော့ရင်း ဘာလဲဆိုတဲ့
သဘောမျိုးနဲ့ မေးငေါ့ပြတယ်။

"မင်းသွားချင်ရင်သွားပါ ငါစောင့်နေပေးမယ် "

"ဒါပေမယ့် ခင်ဗျား "

❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )Where stories live. Discover now