Unicode
ပြဿနာ အလုံးစုံဟာ ဘယ်လိုရှင်းပြရမလဲ
မသိခင်မှာ ရှုပ်ထွေးသထက် ရှုပ်ထွေးလာသည်။
ပြီးတော့........."ဘာလာလုပ်တာလဲ "
"ကျွန်တော် seok နဲ့တွေ့ချင်တယ် ကိုကြီး "
"မဖြစ်နိုင်ဘူး "
မင်းဘယ်လိုဆက်လုပ်မလဲဆိုတာ ငါမသိဘူး
Tae hyung...
အဲ့အတွက် ငါဘယ်လိုလုပ်ပြီး seok နဲ့ပေးတွေ့ရမလဲ။"ဟင်းး ကျွန်တော့်ကို seok နဲ့ပေးတွေ့စမ်းပါဗျာ
ခဏလေးပါပဲ သူရှိတယ်မလား "ပြောမရပဲ ဇွတ်တရွတ် အိမ်ထဲကို အတင်းတိုးတိုက်၀င်လာကာ ကောင်လေးကို
ရှာနေလေရဲ့။ ရုတ်တရက် ပန်းကန်လုံးတစ်လုံးက
Tae hyung ဆီဦးတည်နေတာ မြင်တော့
လူကသူ့ရှေ့ပိတ်ကာလိုက်သည်။ခွက်
ကောင်လေးပစ်လိုက်တဲ့ ပန်းကန်လုံးသည် ကာလိုက်တဲ့
ကျွန်တော့်ရဲ့ နောက်စိကို တည့်တည့်ပင်....
ထိုနေရာမှပင် သွေးများက ဒရဟောဆိုသလို စီးဆင်းလာခဲ့သည်။"ကိုကြီး!! "
"အ့...ရတယ် အစ်ကို ဘာမှမဖြစ်ဘူး မင်းပြန်လိုက်တော့ "
"ဘာလာလုပ်တာလဲ ပြန်လိုက်တော့ ဒီအိမ်က ခင်ဗျားကို မကြိုဆိုဘူး Kim Tae hyung shii "
ရင့်သီးနေသော ကောင်ငယ်လေးက ဘယ်လောက်တောင်များ
နာကြဉ်းနေလိုက်မလဲ။ နောက်ပိုင်း ကလေးငယ်က
အရမ်းကြမ်းတမ်းလာသည်။
မြင်မြင်သမျှ လွှင့်ပစ်သည်။ ဖောက်ခွဲသည်။
ကျွန်တော်သူ့အနားသွားလျှင် ထုရိုက်သည်။
ကျွန်တော်ဘယ်လောက်ပဲ ခံနေရပါစေ ကျွန်တော့်ညီတော့
မထိခိုက်စေချင်တာအမှန်ပါ။"ပြန်လိုက်တော့ Tae hyung "
"ဟင့်အင်း seok ကိုယ်ရှင်းပြပါရစေ "
"ဘာမှမကြားချင်ဘူးနော် အခုချက်ချင်း ထွက်သွား
ခင်ဗျားရှင်းပြလိုက်လို့ ပျက်စီးသွားတဲ့ကျွန်တော့်နှလုံးသားက
ပြန်ကောင်းမလာတော့ဘူး ထွက်သွား..... ""မင်းထင်နေတာတွေ တစ်ခုမှမဟုတ်ပါဘူးကွာ
ကိုယ်မင်းကိုတကယ်ချစ်တာပါ seok ရာ.... "
أنت تقرأ
❝ 𝚅.𝙸.𝙿 ❞ ( 𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳 )