1 ~

4.2K 174 15
                                    

" ဂျိမ်း "

တုန်လူပ်သွားတဲ့ကားနဲ့အတူ အနောက်ဘက်ကို လှည့်ကြည့်မိတော့ မိမိကားကို ဝင်တိုက်လာတဲ့ ကားတစီး ။

ကားမောင်းရတာ နစ်နာရီနီးပါးရှိပြီမလို့ အိပ်ငိုက်လာတာကြောင့် ​ကော်ဖီ ဝယ်ဖို့ ဆင်းရင် ကားကို စတိုးဆိုင် ရှေ့မှာပဲ ရပ်ထားခဲ့တာ ။ ​လမ်းမပေါ် မရောက်တဲ့ မိမိ ကားကို နောက်ကနေ ဝင်တိုက်သွားတာကြောင့် ဂျောင်ဝူးက စိတ်တိုသွားတယ် ။ အလုပ်ကိစ္စ​ အကုန် လျောလျောရူရူ နဲ့ ပြီးသွားပြီထင်လိုက်ပေမဲ့ ပြန်ရောက်ခါနီးမှာတင် ကားက ဒီပုံစံ ဖြစ်သွားပြီ ။ မိမိ ကားလည်း မဟုတ် ...
ဒီလိုပဲ ဂျောင်ဝူးရဲ့ ဘဝ မှာ ဘယ်လုပ်လုပ် အဆင်ပြေတယ် ရယ် ဆိုတာ မရှိသလောက်ပဲ ။ ကော်ဖီ ကို ဆင်း မဝယ်ခဲ့ရင် ကောင်းသားဆိုတဲ့ အတွေးနဲ့အတူ လက်ထဲက ကော်ဖီခွက်ကိုစိတ်ပျတ်စွာကြည့်လိုက်မိတယ် ။

ကျစ် .. မောင်းမတတ်ရင်လည်း လမ်းမပေါ်မှာ ကားမမောင်းနဲ့လေ ..

ခပ်တိုးတိုး ညည်းတွားပြီးနောက် ကွဲကျေသွားတဲ့ ကားအနောက်မီးလုံးကိုကြည့်ရင်း စိတ်မရှည်တော့ .. တိုက်သွားတဲ့ ကားပေါ်မှ ကားပိုင်ရှင်ဟာ ထွက်လည်း မလာသလို ထွက်ပြေးသွားခြင်းလည်း မပြုပါပဲ ဒီတိုင်းတိုက်လျှက်သား ရပ်လို့နေတယ် ။

တချက်လှည့်ကြည့်ရင်း ဂျောင်ဝူး က ထိုကား နားကိုဖြေးဖြေးသွားလိုက်တယ် ။ ကားပေါ်မှ ထိုင်နေတာ တော်တော်လှပတဲ့ အမျိုးသမီးငယ်တစ်ဦး .. သူမဟာ အနည်းငယ်တုန်ယင်နေပြီး တစ်ယောက်ယောက်ကို ဖုန်းခေါ်နေတယ် ။

တုန်ယင်နေတဲ့ သူမကို မြင်တော့ မိန်းကလေးဆိုတဲ့အသိနဲ့ပဲ စိတ်ကို တထစ်လျော့ချလိုက်တယ် ။ ဒါပေမဲ့ ဒီီလို မမောင်းတတ်တဲ့ပုံစံမျိုးနဲ့တော့ လမ်းမပေါ် မတတ်သင့်ဘူးမလား ။ ဒါရပ်ထားတဲကားမို့လို့သာပဲ လမ်းမပေါ်မှာပြေးနေတဲ့ကားကိုသူ ဝင်ကြုံးမိခဲ့ရင် ဆိုတဲ့ အတွေးက ခေါင်းထဲပေါ်လာတာမလို့ ​ကော်ဖီခွက်မကိုင်ထားတဲ့ လက်နဲ့ ဂျောင်ဝူးက ကားမှန်ကို ဖြေးညှင်းစွာ ခေါက်လိုက်တယ် ။

" ဒေါက် ဒေါက် "

သူမက လှည့်ကြည့်လာပေမဲ့  ဖုန်းပြောနေလျက် ရှ်ိပြီး တံခါးတော့ ဖွင့်မလာသေးဘူး ။ ဖုန်းထဲက တစ်ယောက်ကို အသိပေးနေတဲ့ ပုံစံ ပေါက်နေတယ် ။
ခဏအကြာမှ ဖုန်းစခရင်ကို ပိတ်လိုက်ပြီး သူမ ဟာ ကားထဲမှ ထွက်လာခဲ့တယ် ။

AGAIN  [ completed ]Where stories live. Discover now