(zawgyi)
ကော်ဖီမသောက်တဲ့လူကို ခပ်တည်တည်ပဲ ကော်ဖီတစ်ခွက်ဖျော်လို့ ရှေ့ချပေးမိတယ်။ ဘာလုပ်မလဲဆိုတာကိုတော့ တိတ်တဆိတ်စောင့်ကြည့်ရင်းပဲ ... ။နေရာသစ်ကိုရောက်တာလည်းမကြာသေးတော့ ဂျောင်ဝူးမှာ ဧည်သည်အတွက်ဆိုပြီး သီးသန့်ထိုင်ခုံရယ်တော့မရှိ ။ မီးဖိုခန်းအဖြစ် ပြင်ဆင်ထားတဲ့ အကန့် အရှေ့က ထမင်းစား စားပွဲမှာပဲ ထိုင်စေလိုက်တယ် ။
ကော်ဖီခွက် နွေးနွေး လက်ထဲရောက်လာမှ အသိစိတ်ပြန်ကပ်လာမိတာ .. တကယ်ပဲ ဂျောင်ဝူးနေတဲ့နေရာဆီမှာ ထိုင်နေတယ်ဆိုတာကို သတိရလာတော့တယ် ။
ကော်ဖီ ဖျော်ပြီးလို့ တစွန်းတစ်စ ကျနေတဲ့ ခုံပေါ်က ကော်ဖီမူန့်တို့ကို သိမ်းဖယ်နေတဲ့ ဂျောင်ဝူး ကို ကြည့်မ်နေရင်းနဲ့ပေါ့ ... ။အချိန်အားဖြင့် မနက် ၂နာရီ ပြတ်ဆဲပြီးသား ဆက်ဆံရေးက လူ၂ယောက်က တူတူရှိနေတယ် ။ ဘယ်သူဘက်က စကား စ ဖို့ မကြိုးစားသေးဘူး ။ ကျနေတဲ့ကော်ဖီမူန့်တွေကို တစ်မူန့်ခြင်းသိမ်းနေသူရယ် .. ပြန်လှည့်ရမလား ဆက်ထိုင်နေရမလား စဉ်းစားလို့ ကော်ဖီခွက်ကိုင်ထားတဲ့သူရယ် ...
ကော်ဖီမသောက်တာကို ကော်ဖီတိုက်ပါလားလို့ပြောလိုက်တဲ့သူကပဲမှားတာလား ။ သူမသောက်တာကို မေ့နေပြီး ဖျော်ပေးတဲ့သူကပဲ မှားသလား ။အပြစ်မရှိပဲ ဓားစားခံ ဖြစ်သွားတဲ့ ကော်ဖီခွက်လေးက ငုတ်တုတ်ရယ်ပါ ... ။
" ကော်ဖီ မသောက်ပဲ ဘာလို့ဖျော်ခိုင်းတာလဲ "
အတော်လေး ကြာပြီးတဲ့နောက်မှာတော့ ဂျောင်ဝူး ဘက်က နေ စကားစလိုက်ပါတယ် ။
" ငါမသောက်မှန်းသိရက်နဲ့ ဘာလို့ ဖျော်ပေးတာလဲ "
အခု ဟာရူတိုက သူကို ရစ်နေတာလား ?
ဂျောင်ဝူးက သုတ်နေတဲ့ အဝတ်စကို ရပ်တန့်လိုက်ပြီး ဟာရူတို အရှေ့မှာ ဝင်ထိုင်လိုက်တယ် ။" မင်ဖျော်ခိုင်းတာလေ "
"....."
"ဘီယာသောက်မလား"
ဂျောင်ဝူးက သူဝယ်လာတဲ့ ခေါက်ဆွဲခြောက်နဲ့ဘီယာဗူးတွေ ထည့်ထားတဲ့အိတ်ကို ကြည့်လို့ မေးလိုက်တာ ဖြစ်တယ် ။
YOU ARE READING
AGAIN [ completed ]
FanfictionHaJeongWoo Myanmar FanFiction Credit - cover photo zawgyi & unicode start: 20210813 end:20211009 @nanarain__