9 ~

1K 145 13
                                    


zawgyi

ရှေ့က ကုန်ကြမ်း အမယ်တွေ .. date တွေနဲ့ ပစ္စည်းအချို့ကို စစ်နေတဲ့အချိန် မှာပဲ ..ဉိးလေးဖြစ်သူက ရယ်ဖြဲဖြဲနဲ့ ဟာရူတို အနားကိုရောက်ချလာတယ် ။

" ဘာမှ မဟုတ်တာ မလုပ်ထားပါဘူးကွ "

ဟာရူတိုက တချက်ပဲ လှည့်လို့ ပြုံးပြလိုက်တယ် ။ အရင်တခါကတော့ အိတ်စိုက် ပစ္စည်းတွေလဲပေးပြီး နောက်တခါ သေချာစီမံဖို့မှာရင်း ကိစ္စတွေကို ငြိမ်းအေးစေပေးလိုက်တာ ။ အဲ့နောက်တော့ သူတစ်ဉီးထဲကသာ ဉီးလေးရဲ့ဆိုင်ခွဲကို စစ်ဆေးရေး ဆင်းမယ်လို့ ဝန်ထမ်းတွေကို အသိပေးလိုက်တယ် ။

" လာထိုင်ဉီး ဘာသောက်မလဲ ... "

ပြောပြောနဲ့ သူ့ကို ဆိုင်ရှေ့ဆွဲခေါ်လာတော့ ခပ်တွန့်တွန့်နဲ့ပါသွားရတော့တာပဲ ။

" အိုပါး ... ဒီနေ့လေ ယွန်းနဲ့ရှော့ပင် ..."

ဆိုင်အရှေ့ဘက် ပြန်ရောက်ချိန်မှာပဲ ဆိုင်ထဲဝင်လာတဲ့ကောင်မလေးရဲ့ အသံ ။
သူ့ကိုမြင်တော့ စကားစက ရပ်သွားတယ် ။

" အား shit .. ဘာလို့ဒီလူက ဒီကို ရောက်နေတာလဲ "

ယွန်းက တိုးတိုးလေး ရေရွတ်လိုက်တယ် ။

ယွန်းကို မြင်တာနဲ့ ဟာရူတိုက သူ့ဉီးလေးဘက်လှည့်လို့ကြည့်တယ် ။ ထပ်ပြီး မိန်းမငယ်ငယ်လေးတွေနဲ့တွဲပြန်ပြီဆိုတဲ့သဘောပေါ့ ... ။

" တူလေး သူကလေ ... "

ဟာရူတိုက သူ့ဉီးလေး စကားကို အဆုံးထိ နားမထောင်က ရူံမဲ့နေတဲ့ ယွန်းဘက်ကို လှည့်လို့စကားစတယ် ။

" ဂျောင်ဝူး ညီမ မလား ဟိုနေ့က "

" အဲအဲ ဟိုဟာလေ အိုပါး ဒီနေ့ ယွန်းမအားတော့ဘူး ချိန်းထားတာလေး ပေါ်လာလို့ ခုမှ သတိရတယ် မေ့နေတာ ပြန်လိုက်ဉီးနော် "

" အွန်း အွန်း ကလေး အိုပါးဖုန်းဆက်လိုက်မယ် "

အထစ်ဖစ် အအအ နဲ့ စကားပြောနေတဲ့ နှစ်ယောက်ကြား သက်ပြင်းသာအချလို့ ခေါင်းခါမိတော့တယ် ။ သို့ပေမဲ့ သိချင်တာ ရှိတာကြောင့်အပြင်ထွက်တော့မယ် လုပ်နေတဲ့ ယွန်းကို လှမ်းတားတယ် ။

AGAIN  [ completed ]Where stories live. Discover now