13 ~

1K 154 11
                                    

ZAWGYI
ကျောင်းသားဟောင်းတွေ့ဆုံပွဲ ဆိုပြီး ဖိတ်စာရောက်လာတာ သေချာပေါက် လီယူမင်ရဲ့ လက်ချက်ပဲ ဖြစ်တယ် ။ မတွေ့ရတာကြာပြီဖြစ်လို့ မျှော်နေကြောင်းလည်း စာတစ်သန်ပေတစ်သန်နဲ့ဖွဲ့နွဲ့လို့ ... ။ ဖိတ်စာကို ခဏသာဖတ်ပြီး ခုံပေါ်ပစ်တင်လိုက်တယ် ။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်နေခဲ့တာဘယ်လောက်တောင်ကြာပြီတဲ့လဲ ...

အဲ့ဒီနောက်တောဘ လူတွေ့စစ်မေးမှုဖြေဖို့အတွက်ကို သာ ပြင်ဆင်ပြီး ထွက်လာခဲ့လိုက်တော့တယ် ။ အလေ လိုက်နေပြီး တစ်လကြာမှ အင်တာဗျူးဖြေခွင့်ရတာပဲ ဒီကာလကြီးထဲ အလုပ်တွေက ရှားပါးလိုက်တာဆိုတာလေ ကောက်ရိုးပုံထဲ အပ်ရှာရသလို ။

အင်တာဗျူးက အဆင်ပြေပြပေဲ ပြီးသွားတယ် ။ မရစ်တတ်တဲ့ လူမျိုးနဲ့ကျတာကြောင့်လည်းပါလိမ့်မယ် ... ဆက်သွယ်ဖို့လိပ်စာပေးပြီးတာနဲ့ သူလည်း ပြန်လာလိုက်တယ် ။ အချိန်ပိုင်းအလုပ်အနေနဲ့ delivery မပို့ ဖြစ်တော့ဘူး အဲ့အစား စတိုးဆိုင်တစ်ခုမှာပဲ ညဆိုင်းဆင်းဖြစ်တယ် ။ Delivery man အလုပ်ကောင်းတာကြောင့် လီယူမင်နဲ့တိုးရတာမလား ထပ်တိုးနေမှာဆိုးလို့ ဆက်မလုပ်တော့တာပဲ ဖြစ်တယ် ။
သို့ပေမဲ့လည်း သကောင့်သားက မရမက ဆက်သွယ်နေလို့ ပတ်ပြေးနေရပါသေးတယ် ။ ဖိတ်စာရောက်လာတာကိုပဲကြည့် ... ။

အချိန်အားဖြင့်တော့ ညနက်နေပြီ ... ။ အိမ်နားရောက်တာနဲ့ သူနေတဲ့အဆောက်အဉီးအောက်မှာ တစ်စုံတစ်ယောက်သူနဲ့ကားများရပ်ထားလေမလား စောင့်ကြည့်နေမိတုန်း ... ရူးလိုက်တာဆိုတာလေ... ။

ဂျလောက် ..

" ဟျောင့် ဘာလုပ် "

သော့ဖွင့်ပြီးချိန်မှာပဲ အိမ်နားငုတ်တုတ်ထိုင်နေတဲ့ လီယူမင်က အတင်းတိုးလို့ဝင်တယ် ။ လက်ထဲမှာလည်း ကြက်ဥတွေ ကိုင်လို့ .. ။

" ဖိတ်စာပေးထားတယ်တွေ့လား "

"ဘာလုပ်ရမှာလဲ"

"လာရမှာလေ ... လာရမှာ "

အိမ်ထဲလည်းဝင်ခွင့်မပေးပဲ တံခါးကန့်လန့်ဖြတ်လို့ သူ့ကိုပြောလေတယ် ။ ရန်တွေ့တဲ့လေသံမျိုးနဲ့ ...

" မလာချင်ဘူး "

ပြောပြီးတဲ့နောက် ပိတ်ရပ်နေတဲ့ လီယူမင်ရဲ့ ခန္ဓာကိုယ်ကို တိုက်လို့ အိမ်ထဲဝင်လိုက်တယ် ။ ပုခုံးနာသွားပုံရတဲ့ လီယူမင်က သူ့ပုခုံစောင်းကို လက်ဖြင့်ပွတ်လို့ ကျိန်ဆဲလေတယ် ။

AGAIN  [ completed ]Where stories live. Discover now