အိုးသံခွက်သံကြောင့် ဟာရူတိုဟာ အိပ်ယာကနေနိုးလာခဲ့တယ် ။ ညတုန်းက ဒီတစ်ယောက်စာ ကုတင်လေးမှာ ကြပ်ကြပ်သပ်သပ်နဲ့ပဲ နှစ်ယောက်သား အိပ်ပျော်သွားခဲ့တာ ... ။
ဖုန်းကိုကောက်ယူကြည့်မိတော့ မနက် ၁၀နာရီ ..
airplane mode ကိုတော့ ပိတ်ထား ဆဲဖြစ်တယ် ။အိပ်ယာကနေထလိုက်ပြီး မြင်နေရတဲ့ နောက်ကျော်လေးဆီကို ဉီးတည်တယ် ။
ဟာရူတိုမှာ အကျင့်တစ်ခုရှိတယ် ။ အဲ့တာက ဘယ်အချိန်ပဲထထ မနက်စာ စားတဲ့အကျင့်ပဲ .. အကြောင်းသိတဲ့ ဂျောင်ဝူးကပဲ မနက်စာအတွက်ပြင်ဆင်ပေးနေတာ" ဘာလုပ်နေတာလဲ "
" ဂင်ချီထမင်းကြော်ပေးနေတာ .. အခြားဘာမှမရှိလို့ "
" အဲ့တာလည်း အဆင်ပြေပါတယ် "
တကယ်တော့ အဆင်မပြေဘူး ။ သူ့ကိုအုပ်မိုးထားတဲ့ ဟာရူတို ကြောင့် ဇွန်းကိုင်ထားတဲ့လက်က တုန်ယင်နေတာ ... အမည်မတပ်ရသေးတဲ့ ဆက်ဆံရေးနဲ့ အခြေအနေမှာ ဒီလောက်ထိ နီးကပ်နေရတာဟာ သူ့အတွက်တော့အဆင်မပြေလှပါဘူး ။
" ရေအရင်ချိုးလိုက်ပါလား ငါ့အဝတ် ထုတ်ပေးထားမယ် "
" အိုခေ "
ဟာရူတို အနားကနေ ခွာသွားမှပဲ အသက်ရူနိုင်တော့တယ် ။ အဲဒီနောက်တော့ ကြော်ပြီးသား ထမင်းကို ပန်းကန်ထဲ ခူးထည့်လို့ စားပွဲပေါ်တင်လိုက်ရင်း ရေခဲသေတ္တာထဲက နွားနို့ဗူးကိုပါ ယူထုတ်လိုက်တယ် ။
နစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်အရွယ်အစားက မတိမ်းမယိမ်းဖြစ်တာကြောင့် အဆင်မပြေဖြစ်မှာတော့ ပူစရာမလို ... ဗီဒိုထဲကနေ သိပ်မဝတ်ဖူးသေးတဲ့ အကျီ ဘောင်းဘီ ကို ဟာရူတို အတွက် ထုတ်ပေးလိုက်တယ် ။
သူအကျီအဝတ်အစားတို့ကို ဝတ်လို့ သူပြင်ပေးတဲ့ မနက်စာကို ပါးတွေ ဖောင်းနေအောင်စားနေတဲ့ ဟာရူတိုကို မြင်နေရတာဟာ မယုံနိုင်စရာပဲ .. ဘဝမှာနေလာရင်းနဲ့ ဒီလိုကိစ္စမျိုးတွေ ရှိလာသေးတယ်ပေါ့လေ ။
" ဘာတွေ ဒီလောက်ကြည့်နေတာလဲ "
" ပြီးရင် ဘယ်သွားမှာလဲ "
ဟာရူတို မေးတာကြီးက လူမိသွားသလို ဖြစ်တာကြောင့်မလို့ မဖြေပဲ အခြားအကြောင်းအရာကို မေးလိုက်တယ် ။ ဟာရူတိုကတော့ သူမေးတာကို မဖြေလို့ ခပ်စောင်းစောင်းကြည့်လာလေရဲ့ ... ။
YOU ARE READING
AGAIN [ completed ]
FanfictionHaJeongWoo Myanmar FanFiction Credit - cover photo zawgyi & unicode start: 20210813 end:20211009 @nanarain__