2 ~

1.2K 130 6
                                    

ဂျောင်ဝူး အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ သူတော်တော်ပင်ပန်းနေခဲ့ပြီပဲဖြစ်တယ် ။
ကားကို ညတွင်းချင်း ဝပ်လျော့ ကိုပို့လို့ ပြင်စေတယ် မဟုတ်ရင် မန်နေဂျာက ကောတော့မှာလေ ။ ဒီ အမြဲတမ်း ဝန်ထမ်းအလုပ်က  ရတာမကြာသေးဘူး အလုပ်ကို မြဲနေဖို့ လိုတာကြောင့် အခြားကိစ္စဘာညာ စဥ်းစားမနေတော့ .. ခေတ်ပျတ်ကြီးထဲ အလုပ်တစ်နေ ရာ ရဖို့ဆိုတာ လွယ်တာမှမဟုတ်တာ ...အဲ့ဒီနောက်မှာတော့ ကားကို မနက်မှ လာယူပါလို့ ဝန်ထမ်းက ပြောတာကြောင့် အိမ်ကို ဘက်စ်ကား စီးပြီး ပြန်လာ ရတယ် ။

" ကား ရော "

အိမ်ပြန်ပြန်ရောက်ခြင်းပဲ အိမ်ရှေ့ကနေ အဒေါ်ဖြစ်သူက မေးတယ် ။ မန်နေဂျာရဲ့ကားပါလို့ ဘယ်လိုမှ ပြောမရအောင်ကိုပဲ သူပြန်လာရင် အဲ့ကားကို ခဏငှါးပေးဖို့ ပြောထားတာပဲ ဖြစ်တယ် ။

" ပြင်ဆိုင်ပို့ထားတယ် "

"ဘာ မနေ့တနေ့မှ ယူသွားတဲ့ကားက ပြင်ဆိုင်မှာနင် ဘယ်လိုတောင် စည်းပျတ်ကမ်းပျတ်မောင်းရတာလည်း ... ငါအခုယူမလို့လေ ငါချိန်းထားတာတွေ ဘယ်လိုလုပ်မလဲ "

ခရီးက ၂ရက် .. ခရီး၂ရက်အတွင်းမှာ ပွန်းရာတောင် ထိမလာတဲ့ ကားက အပြန်မှာ သူများဝင်ကြုံးသွားတာပါဆိုတာကိုတော့ ထည့်မပြောဖြစ်လိုက် ... ဒီအိမ်မှာ ဂျောင်ဝူး မလုပ်တဲ့ အလုပ်တစ်ခုက ရှင်းပြတာပဲ ။

"အဒေါ် ကိုယ့်ပစ္စည်း မဟုတ်ပဲနဲ့ ဘာကိစ္စ ရိူးထုတ်ချင်နေတာလဲ ပြီးတော့ ဒီအချိန်ကရော အပြင်ထွက်ရမဲ့အချိန်လား "

" နင်လျှာမရှည်ပါနဲ့ ယွန်း ကိုလည်း လာကြိုမယ်ပြောထားပြီးသား အမလေး ငါ့သမီးလေးကို မကြိုရတော့ဘူး "

အိမ်ရှေ့အဝင်ဝမှာ ဖိနပ်ကြိုး ထိုင်လျက်ဖြည်နေတဲ့ ဂျောင်ဝူးကို အိမ်ပေါက်ဝကနေ စီးတားက အပူပေးနေခြင်း .. ။
ဂျောင်ဝူးက စိတ်မရှည်တော့..

" ယွန်း မှာ ဒီလောက် ဇယားတွေ ပေါသောနေတာ အဒေါ်ပူစရာမလိုပါဘူး အခုအပြင်သွားမှာမလား ရော့ ကားငှါးသွား ကျွန်တော် ပင်ပန်းနေတာမလို့ ခဏတော့ နားခွင့်ပြု ဗျာ နော် "

ပိုက်ဆံအိတ်ထဲက ငွေသားအချို့ကို ထုတ်လို့ အဒေါ်ဖြစ်သူ လက်ထဲထိုးထည့်ပေးရင်း နဲ့ မိမိအိမ်ခန်းထဲကို တန်းတန်းမတ်မတ် ဝင်လာမိတယ် ။
ဒီသားအမ နှစ်ယောက်ရဲ့ အပူတွေကို သူတကယ်ပဲ မခံစားနိုင်တော့တာ ... ။

AGAIN  [ completed ]Where stories live. Discover now