5 ~

1K 156 11
                                    

" အရှည်ကြီး couple စာတွေပိုင်နေပြီလား ဂိမ်းဆော့နေရတာက "

"ချီးကို အရှည်ကြီးလား "

ဟာရူတို ပုခုံးပေါ် ခေါင်းတင်လို့ ဂိမ်းနှိပ်နေတဲ့ ဂျောင်ဝူးက ယူမင် အသံကြောင့် ခေါင်းထောင်လို့ ဆဲလိုက်တယ် ။ မိမိ ပုခုံးပေါ်မှာ ပေါ့ရွတ်သွားတာနဲ့ တပြိုင်နက် ဘေးက ဂျောင်ဝူးကိုလှည့်ကြည့်ပြီး ရယ်မိသွားတယ် ။ ဒီလူသားဟာလေ ဘယ်နေရာမဆိုဆက်ဆက်ထိမခံဘူး .. ။

" ခဏနားနေတာပါကွာ စာအုပ်ပုံကို တစ်ချက်ရိုး "

ရှေ့က စာအုပ်ပုံ မှာ ဘာစာတွေမှန်းမသိအောင်ကိုပင် အပုံလိုက် ။ သူတို့ရဲ့ ဖိုင်နယ် ကျောင်းသားဘဝ က ရည်းစားနဲ့ ဒိတ် ရင်တောင် စာလုပ်ရင်း ဒိတ်ရတာမျိုး .. ။

" လက်ထဲကဘာတွေလဲ .."

ယူမင်လက်ထဲက ဗူးတွေကိုမြင်တော့ ဂျောင်ဝူးက မေးလိုက်တယ် ။ ယူမင်တို့အိမ်က စားသောက်ဆိုင်ဖွင့်ထားတာ ..အစားအသောက်တွေ ယူလာနေကြဆိုတော့ ဗူးမြင်တော့ ဂျောင်ဝူးက မေးလိုက်တယ် ။ သူတို့ ဒီခုံမှာ စာထိုင်လုပ်နေတာ မနက်ကတည်းကကို ဘာမှမစားရသေးဘူး ။

" အခုကျ လေသံတမျိုးနော် မင်းက "

ဟာရူတိုက ဂျောင်ဝူးရဲ့ ပါးကို လက်နဲ့ တစ်ချက် ဖျစ်ညှစ်ပြီး မေးလိုက်တာပဲ ဖြစ်တယ် ။ ဘာလို့ဆို ဂျောင်ဝူးက ပြုံးပြုံးပြီး ယူမင် လက်ထဲက ဗူးကို ကြည့်ပြီး မေးလိုက်တာမလို့ မို့တတ်သွားတဲ့ ပါးအိအိတွေက ဖျစ်လိုက်ပါဆိုပြီး ဆွဲဆောင်နေသလို့ဖြစ်နေတာမလို့လေ ... ။

ဒီမြင်ကွင်းကို ရိုးနေပြီ ဖြစ်တဲ့ ယူမင်က ဘာမှတော့ ဝင်မပြောသလို ထွက်လည်းမသွားနိုင်ဘူး .. ။ အကြောင်းအရင်းက စာကို ဒီအတွဲနဲ့ကပ်လုပ်မှသာ ရတာမလို့ သူဘာသာဆို အတန်းတိုင်း အောင်မှာမဟုတ် ... အမြင်ကပ်ကပ်နဲ့ကြည့်ပြီး ဗူးတွေက ဖွင့်ချတော့ အိမ်ကနေ စီစီရီရီ ထည့်ပေးလိုက်တဲ့ မုန့်အစုံ ... ပါလာတဲ့ တူကို ဆွဲခွာလို့ ဂျောင်ဝူးလက်ထဲ မထည့်ခင်ပဲ ယူမင်က တူနှစ်ချောင်းကို ကိုင်လို့ ထောင်ကြည့်တယ် ။ မျက်နှာကလည်း ရယ်ဖြဲဖြဲနဲ့ ...

" ကြည့်စမ်း ဒီတူ တွေက မင်းတို့၂ယောက် ခြေတံတွေလိုပဲ အရှည်ကြီး ဟားဟား "

AGAIN  [ completed ]Where stories live. Discover now