(zawgyi)
ဟာရူတို အိမ်ပြန်ရောက်သွားတဲ့အခါမှာတော့ ဧည့်ခန်းမှာစောင့်ကြိုနေတဲ့ အမေနဲ့ တွေ့တယ် ။
မျက်နှာ ခက်ထန်မှုတို့ စိုးမိုးလျှက်သားနဲ့လေ ... ။
ဂျောင်ဝူး ရဲ့ အင်္ကျီ ၊ ဘောင်းဘီ တို့ဝတ်ဆင်ထားတဲ့သူဟာ ဂျောင်ဝူးဆီက ရနေကျ ကိုယ်သင်းနံတို့ကို ခြံရံပြီး အိမ်ပေါ်ကိုတတ်လာတာ ဖြစ်တယ် ။" အဖေ ရော "
အမေနဲ့စကားပြောလို့တော့ဒီကိစ္စဟာပြီးမှာမဟုတ် .. ။ အဲတာကြောင့် အဖေကို အရင် ကိုယ့်ဘက်ပါအောင်စည်းရုံးဖို့ ကြံရွယ်လိုက်တယ် ။
" နင် .. ဘာမဟုတ်တဲ့ကောင်အတွက်နဲ့ သူများတကာပါးစပ်ထဲရစရာမရှိအောင် အပြောခံတာ တန်သလား ဟမ် "
" အဖေရောလို့ မေးနေတာ "
အမေဖြစ်သူထံမှ စကားကို ဂရုမစိုက် .. ထိုစကားကိုသာပြောပြီး အပေါ်ထပ်ကို တတ်ဖို့လုပ်တယ် ။
" ငါက မင်းကို ဒီအရွယ်အထိ ကာကွယ်ပေးလာတာ အခုလိုသူများအပြောအဆိုခံရဖို့ဆိုတာလေ တွေးတောင် မတွေးရဲခဲ့ဘူး သိလား ..
မနေ့က ဆိုးရဲ့ အမေ.. သူသာ ဖုန်းနဲ့ပြောတာမဟုတ်ပဲ အပြင်မှာသာဆို အဲ့မိန်းမ အသက်ရှင်နေမှာတောင် မဟုတ်ဘူး "တစ်ဆက်ဆက်တုန်ယင်လို့ ပြောလာတဲ့အမေဖြစ်သူရဲ့စကားသံတွေကြောင့် လှေကားပေါ်တတ်တော့မဲ့ သူရဲ့ခြေလှမ်းတွေကို နောက်ပြန်ဆုတ်မိတယ် ။ သူ့အမေဟာ သူ့အပေါ်ကို အတ္တသိပ်ကြီးပါတယ် ။ ငယ်ငယ်က အတန်းထဲမှာ သူ့ကိုဆို ရန်စဖို့မပြောနဲ့ အနားတောင်မကပ်ရဲကြတာဟာ အမေကြောင့်ပဲ ဖြစ်တယ် ။
တစ်ခါက ကလေး သဘာဝ သူ့ဘေးနားကအတန်းဖော်နဲ့ရန်ဖြစ်ကြရင်း သူ့ပါးပေါ် ခဲတံနဲ့ခြစ်မိတော့တစ်ဖက်က ကလေးကို ကျောင်းပြောင်းခိုင်းတဲ့ထိ အမေက လုပ်ပြစ်ခဲ့တယ် ။ နောက်ပိုင်း ကြီးလာတော့ ဟာရူတိုမှာ အမေနဲ့ပတ်သတ်ပြီး ရှက်လာရတဲ့အထိပါပဲ ။ အဲ့တာကြောင့်မလို့ အတတ်နိုင်ဆုံး ဘယ်သူနဲ့မှ အဆင်မပြေမဖြစ်အောင်နေတယ်။အပေါင်းအသင်းမထားပဲ တစ်ကိုယ်ထဲ နေလာခဲ့တာဟာ တက္ကသိုလ် ရောက်တဲ့အထိဖြစ်တယ် ။တက္ကသိုလ်တတ်တော့ လွတ်လပ်လာတယ်လို့ ပြောလို့ရမယ် ။ ဟိုဟိုဒီဒီ မေးတာကလွဲလို့ သူ့နောက်ကိုတော့ တောက်လျောက်လိုက်ကြည့်မနေတော့ဘူး ။ အဲ့ဒီမှာ ပတ်ဂျောင်ဝူး နဲ့ တွေ့ပြီး ၄နစ်ကြာထိ တွဲဖြစ်ခဲ့တယ် ။ ပတ်ဂျောင်ဝူး ရဲ့ သူငယ်ချင်း လီယူမင်ဟာ သူ့ရဲ့ ပထမဆုံး သူငယ်ချင်း ဖြစ်လာတယ် ။
YOU ARE READING
AGAIN [ completed ]
FanfictionHaJeongWoo Myanmar FanFiction Credit - cover photo zawgyi & unicode start: 20210813 end:20211009 @nanarain__