6 ~

997 137 18
                                    

" စေ့စပ်ဖို့ ရော ရက်မရွေးသေးဘူးလား သားတို့က လက်ထပ်ဖို့ စောသေးတယ်ဆိုတာ အမေသိပါတယ် စေ့စပ်ဖို့ကတော့ မစောတော့ဘူးမလား "

ထမင်းစားနေတဲ့ လက်အစုံ ဟာ အမေဖြစ်သူထံမှစကားကြားတော့ ရပ်တန့်သွားတယ် ။ သူဘာမှ မပြောရသေးခင်မှာပဲ ဆိုးဆီက အသံထွက်လာတယ် ။

" ဟာရူတိုက ခုမှလုပ်ငန်း စဝင်တာဆိုတော့လေ ၁နစ်လောက်ကြာမှ စေ့စပ်မလားလို့ပါ "

"အင်း ဆိုးပြောတာ မှန်တယ် မိန်းမ ရဲ့ မဟုတ်တောင်မှ ငါတို့သားကို ဒါရိုက်တာ နေရာထိတွန်းပို့ထားလို့ လူတွေကပြောချင်နေကြတာ သူလုပ်ငန်းထဲ သေချာလည်ပတ်နိုင်ပြီဆိုမှ စီစဉ်ကြတာပေါ့ကွာ "

" ဘာငါ့သားကိုအဲ့လိုပြောတယ် ဟုတ်လား ဘယ်သူလဲ ဘယ်ကောင်လဲ  "

"အာ အမေရယ် စိတ်လျော့ပါ သားကအလုပ်နဲ့သတ်သေပြလိုက်မယ်လေ အမေ့သားက မူကြိုကလေးမဟုတ်တော့ဘူးလေဗျာ "

အဖေ့ကို ဒီအကြောင်းမပြောဖို့ အတန်တန် မှာထားတဲ့ကြားကနေ ပြောလိုက်လေပြီ ။ သားဆိုတာနဲ့ နည်းနည်းမှ ကို သေးသေးတင်မခံတဲ့ အမေကြောင့် ရှင်းရတဲ့ပြသနာတွေ က အများကြီး .. အဲတာဘယ်သူပြောတာလဲ ဆိုပြီး မားကတ်ထိ လာသောင်းကျန်းရင် ခက်တော့မှာပဲ ။

" အန်တီက ဟာရူတိုကို အရမ်းချစ်တာပဲနော် "

ဆိုးရဲ့စကားကို  ဟာရူတိုက ပြုံးတော့ပြလိုက်ပေမဲ့  စိတ်ထဲမှာ အပြည့်အဝတော့ မထောက်ခံလိုက်ခဲ့ဘူး ။ ချစ်တဲ့စိတ်နဲ့ သူ့ကို နှစ်ခဲ့တာ အခါခါပဲ မဟုတ်လား .. အမေ ဟာ အမေပါလား ဆိုတဲ့ စိတ်နဲ့ပဲ ဖြေသိမ့်ရတာဟာလည်း အကြိမ်ပေါင်းမြောက်များစွာ ။

ထမင်းစားပြီးတဲ့နောက် သူ့အခန်းထဲလိုက်လာတဲ့ ဆိုး .. ။  အခန်းထဲ ဘယ်နစ်ကြိမ်ပဲရောက်ရောက် တရားခံစစ်သလို စစ်နေတာကိုတော့  ဟာရူတိုက မကြိုက် ။ သူ့ကိုချစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာတကာမှာ သူမက သံသယ သိပ်များတယ် ။

" ထပ်စစ်နေပြန်ပြီလား မြွေထွက်လာမယ်နော် "

မကြိုက်ပေမဲ့ လည်း ကြတ်မှိတ်သည်းခံရင်း ရွှတ်နောက်နောက်နဲ့ပြောလိုက်တယ် ။ ဟိုဟိုဒီဒီကြည့်နေတဲ့သူမကို ကြည့်ရင်း မတော်တဆ များသာ ex က အနားမှာရှိမှန်းသိရင် သူမ ဘယ်လိုနေမလဲဆိုတဲ့အတွေးက ရုတ်တရတ် ရောက်လာတယ် ။

AGAIN  [ completed ]Where stories live. Discover now