7 ~

1K 135 21
                                    

" ဒီမှာ ကလေးမ အခုက ဒီဘက်ကကောင်လေး ကြေအေးပေးလိုက်လို့သာ အဆင်ပြေသွားတယ်ဆိုပေမဲ့ ဒီလိုလူနဲ့ မတွေ့ရင် မင်း ထောင်ထဲ ထိရောက်သွားနိုင်တယ်  "

ရဲဝန်ထမ်းက ထိုသို့ပြောပြီး ခံဝန် ဂတိ ထိုးပြီးတဲ့နောက် ပြန်လွှတ်လိုက်တယ်။
ရဲစခန်း အပြင်သို့ သူတို့ရောက်မှာသာ အဒေါ်ဖြစ်သူက အပြေးအလွှား ရောက်ချလာတယ် ။ ဂျောင်ဝူး ရဲ့ အကျီလက်ရှည်ကို ခြုံထားတဲ့ ယွန်း ရဲ့ မျက်နှာဟာ စောနက တင်းမာနေသလောက် အမေကိုမြင်တဲ့အခါ တအီအီနဲ့ ငိုတယ် ။

ဟာရူတိုက ကားထဲ မဝင်ခင် သူ့ကို တစ်ချက်လှည့်ကြည့်လိုက်ပမဲ့ ထိုအကြည့်မှာ ဘာအဓိပ္ပယ်လဲဆိုတာတော့ သူမရိပ်မိလိုက် ... ။

" ဒီနစ်ထဲ ဘာတြွေဖစ်ကုန်တာလဲမသိပေမဲ့ ဂျောင်ဝူး ဒီမှာငါ့လိပ်စာ အကူညီလိုရင် ဆက်သွယ်လိုက်နော် "

ယူမင်ကတော့ လိပ်စာကပ်ထိုးပေးလို့ ပြန်သွားတယ် ။ အိမ်ပြန်ရောက်ရောက်ခြင်း အခန်းထဲ ကိုထိုးအိပ်ဖို့ကြံပေမဲ့ မရခဲ့ဘူး ။ သူအရမ်းပင်ပန်းနေပြီဆိုပေမဲ့ သူ့ကို နားခွင့်မပေးတဲ့ စကားကြမ်းတွေကအဆင်သင့် ..

" ငါ့သမီးလေးကိုကြည့်စမ်းပါဉီး ငါဘယ်လိုဖြေဆယ်ရမလဲ ..."

" အဲဒါ ကျွန်တော့အလုပ်က အထက်လူကြီးမလို့ ဒီလောက်ပြေလည်သွားတာလေ ဘာကို ထပ်ပြီး အပြစ်တင်နေတာလဲ ခုချိန် မှာ ဒေါသထွက် ရမှာ ကျွန်တော်ဗျ "

"..."

" ယွန်း နင်က ဘာကိစ္စကြောင့်ခိုးတဲ့အဆင့်ထိတောင် ရောက်ရတာလဲ နင်အဲ့လောက်တောင်စိတ်ဓာတ်ပျတ်ပြားနေပြီလား ဒီလိုအဝတ်အစားမျိုးနဲ့ နင်ဟာ တောက် "

" နင် ပိုက်ဆံပေးလေ ဒါဆိုငါခိုးမလား ငါပိုက်ဆံပေးဖို့ နင့်ကိုအရင်ပြောခဲ့တယ်လေ "

" ငါ အပြစ်ပေါ့လေ ဟုတ်လား ငါ့အပြစ်ပဲလား "

" နင့်အပြစ်မဟုတ်ဘူး နင့်အမေအပြစ် သေလည်းကိုယ့်ဘာသာကို သေလေ ဘာကိစ္စနဲ့  ငါ့ယောကျာ်းကို ခေါ်သွားတာလဲ ငါ့ယောကျာ်းသာရှိနေသေးရင် ငါ့သမီးလေး ဒီလို နေနေရမှာ မဟုတ်ဘူး နင်သိလား "

AGAIN  [ completed ]Where stories live. Discover now