( Zawgyi )
ကားလေးက တစ်ငြိမ့်ငြိမ့်ပဲသွားနေတယ် ။ အခ်ျန်ကြာလာတာနဲ့အမျှ သူသိထားတဲ့ အချို့အချက်တွေနဲ့ အခုလက်ရှ် ဂျောင်ဝူးက မကိုက်ညီကြောင်း ထင်ရှားလာတယ် ။ သူ့အမေ ပေးလိုက်တဲ့ ပမာဏကို မက်မောပါတယ်ဆိုတဲ့ ကောင်လေးက ဒီလို နေနေတယ်ဆိုတာကလည်း လုံးဝ မကိုက်ညီ ဆုံးအချက်ပဲ ။
" ကျေးဇူးပါပဲ "
ကားပေါ်က ဆင်းခါနီးမှာ ဂျောင်ဝူးက ပြောတဲ့စကား ... ။ သူစကားပြန်မပြောခင်မှာပဲ သူ့ရဲ့ ဖုန်းက အသံမြည်လာတယ် ။
" အင်း ပြော "
ဟာရူတိုက ကားတံခါးကို လော်ခ့မဖြေပေးသေးဘူး ။ ဂျောင်ဝူးက ဖွင့်ကြည့်ပေမဲ့ မရတဲ့အခါ အပြင်မထွက်သေးပဲ ဟာရူတို ဖုန်းကိုင်ပြီးတဲ့ထိစောင့်မယ်ဆိုတဲ့ အတွေးနဲ့ ထိုင်နေလိုက်တယ် ။
" ဆိုး ရာ ခေါင်းမမာပါနဲ့လား ညနက်နေပြီ အိမ်ပြန်လိုက်တော့နော် "
ကားထဲမှာ အလွန်အမင်းတိတ်ဆိတ်နေတာကြောင့် ဖုန်းစပီကာ မဖြစ်ထားတာကြောင့် တစ်ဖက်ဖုန်းက ဆူညံသံတွေကိုကြားနေရတယ် ။ နောက်ပြီး ချွဲနေပံရတဲ့ သူမ အသံက လိုတာထက်ပိုပြီး ချိုအီနေသေးတယ် ..
"ရူတို ဆိုး မူးနေပြီ တစ်ယောက်ထဲမလို့ လာခေါ်ပေးပါနော် "
အသံကြားရုံနဲ့တင် ကားထဲ ဆက်မနေချင်တော့ နောက်တစ်ကြိမ် ကားတံခါးကို ဖွင့်မိတယ် ။ လော့ကျနေသေးကြောင်း အသိပေးတဲ့အနေနဲ့ အသံပိုကျယ်အောင် ပြလိုက်ပါတယ် ။
အဲတော့မှ ဟာရူတိုက" အာ ခဏ လော့ခ် "
ဟာရူတို လော့ခ်ဖြေပေးဖို့ လက်လှမ်းလိုက်ချိန်မှာပဲ စောနက ချိုအီနေတဲ့ အသံအစား တစ်ဖက်ဖုန်းမှသူမရဲ့ ဒေါသသံက ထွက်ပေါ်လာတယ် ။
"ဘယ်သူနဲ့တူတူရှိနေတာလဲ ရူတို ထပ်ပြီး ပတ်ဂျောင်ဝူးနဲ့ပဲလား ဆိုးတို့ လမ်းခွဲဖို့ သဘောမတူရသေးဘူးနော် သူနဲ့ပြန်တွဲနေပြီလား ဒါဆိုရင်တော့ ဖောက်ပြန်တာနဲ့ တူတူပဲ ရူတို "
" အား ... ကျစ် "
ဆက်ကနဲ ဖုန်းကို ချလိုက်တယ်ဆိုပေမဲ့ အစ/အဆုံး ဂျောင်ဝူးက ကြားသွားပြီပဲ ဖြစ်တယ် ။
ဟာရူတိုကို ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာမှာ အားနာမှုတွေကို မြင်တွေ့လိုက်ရတယ် ။ တစ်ခါမှ မကြုံဖူးသော သူမရဲ့ ဒေါသသံက သူ့ကိုပါ တုန်လှုပ်သွားစေတာဟာအမှန်. ဒါဆို ဟာရူတိုက သူမ စိတ်ဆိုးတိုင်း ဒီလိုမျိုး အအော်အငေါက်ခံနေရစမြဲလား ။
YOU ARE READING
AGAIN [ completed ]
FanfictionHaJeongWoo Myanmar FanFiction Credit - cover photo zawgyi & unicode start: 20210813 end:20211009 @nanarain__