ဉီးလေးဖြစ်သူရဲ့ ဈာပန မှာ လုပ်ကိုင်ရင်း က တစ်ဖက် ဆေးရုံမှာ သတိလစ်နေတဲ့ အမေဖြစ်သူထံကို ပြေးလို့ စောက်ရှောက်ရတာကတဖက် ..
အဲ့နေ့က သူ့ရဲ့ ၂၂ ပြည့် မွေးနေ့အတွက် supriseလုပ်ပေးဖို့ဆိုပြီး လိုအပ်တာသွားဝယ်ဖို့ ဉီးလေးနဲ့တူတူ ထွက်သွားခဲ့တာ ... ဉီးလေးဖြစ်သူက အဝေးမူန် တစ်ယောက် .. ရှေ့က ကားကို မမြင်ပဲ ဝင်မိရာကနေ ခုလိုတွေ ဖြစ်လာခဲ့တာပဲ ... ။ မှားတာဟာကိုယ့်ဘက်ကဖြစ်တာမလို့ တရားစွဲဖို့အထိ ဖြစ်လာခဲ့သလို ... လျှော်ကြေးငွေလည်း လိုအပ်လာခဲ့တယ် ။
အဲဒီအချိန်မှာပဲ ဟာရူတို အမေဟာ သူ့ကို လာတွေ့တယ် ။ ဒါဟာ ဒုတိယ အကြိမ်မြောက် တွေ့တာဖြစ်ပြီး ပထမတစ်ခါမှာလည်း သူမက သူ့ကို ဟာရူတိုနဲ မပတ်သတ်ဖို့ လာပြောခဲ့ပြီးပြီ ဖြစ်တယ် ။
ဒီအကြိမ်မှာတော့ ငွေစကားပါ ပြောလာခဲ့တာပဲ ဖြစ်တယ် ။" မင်းငွေလိုနေတဲ့ပုံပဲ .. ငါ ကူညီပေးရမလား "
သူမ ဟာ ဂျောင်ဝူးအကြောင်းကို တစွန်းတစ်စ စုံစမ်းထားပြီးဖြစ်သလို တစ်ဖက်က နစ်နာသူဘက်ကိုလည်း ရှေ့နေ့ငှါးလို့ တိုက်တွန်းပေးနေခဲ့တာ ... ။
" ခဗျား က ဟိုဘက်နစ်နာသူတွေကိုလည်း ဒီဘက်ကိုတရားစွဲဖို့ကူညီနေသလို ကျွန်တော့ဘက်ကိုလည်း ဒီစကားလာထွက်သေးတယ်နော် "
ဂျောင်ဝူးအနေနဲ့ ဟာရူတိုကို ဆက်သွယ်ပြီး ပြောပြလိုက်ရုံနဲ့ ကိစ္စအချို့ပြီးမြောက်မယ်ဆိုတာကိုသိပေမဲ့ မဆက်သွယ်ခဲ့ဘူး ။ အဲ့အစား အဆက်သွယ်ဖြတ်လို့ နေခဲ့တယ် ။ သားအမိ နှစ်ယောက်ကြားကို အမုန်းတရားတွေ သူတကယ် မပေးချင်ပါဘူး ... ။ ဘာပဲဖြစ်ဖြစ် သူမဟာ ဟာရူတိုရဲ့ အမေဆိုတဲ့ အမှန်တရားက ရှိနေတာပဲ မဟုတ်လား ....
" မင်းအမေဆေးရုံစရိတ်ရယ် တဖက်က လျော်ကြေးငွေရယ် .. အဆင်ပြေလို့လား ငါ ကူညီတာလေ လက်ခံလိုက်ပါ "
ဂျောင်ဝူးက ငြင်းလို့ သာ ဈာပနအခမ်းအနာဆီ ပြန်လာခဲ့တယ် ။ ပြန်ရောက်တော့လည်း ဧည့်သည်တွေကြားကသူကို အတင်းဆွဲခေါ်လို့ အဒေါဖြစ်သူက ကြိမ်းမောင်းလေရဲ့ ...
" နင်ကဒီလောက်ဖြစ်နေတာတောင် အပြင်ထွက်နိုင်သေးတယ်နော် "
YOU ARE READING
AGAIN [ completed ]
FanfictionHaJeongWoo Myanmar FanFiction Credit - cover photo zawgyi & unicode start: 20210813 end:20211009 @nanarain__