4 ~

988 142 10
                                    

ရုံးကိုပြန်ရောက်လာပြီး တဲ့နောက် မန်နေဂျာက စောစောပြန်လာလို့ ထပ်ကောတယ် ။
ဒါရိုက်တာ ပြန်လွှတ်လိုက်တာဆိုမှ အဆင်ပြေသွားပြီနောက် အတန်ကြာမှာတော့ ဟာရူတိုက သူတို့ ဌာနထဲကို ဝင်လာခဲ့တယ် ။

" ဒါရိုက်တာ ဘာများ.."

မန်နေဂျာရဲ့ ​ပြောစကားကို လျစ်လျှူရူလို့ သူဆီရောက်လာတဲ့ ဟာရူတို ။

" ခဏ စကားပြောရအောင် "

ဟာရူတိုက ပြောတဲ့အတိုင်းပဲ နောက်ကနေလိုက်သွားတယ် ။ အဲဒီနောက် ဟာရူတို ရဲ့ ရုံးခန်းထဲ ရောက်တဲ့အခါမှ သူကိုလှည့်လို့ စကားစတယ် ။

" အစီရင်ခံစာ တင်လိုက်ပြီးပြီလား "

"ငါမင်းကို အာ sry ..

တရင်းတနှိးသုံးနူန်းမိသွားတဲ့ မိမိပါးစပ်ကို ဖြတ်ရိုက်ချင်သွားတယ် ။ အထက်လူကြီးတစ်ယောက်ဆိုတာကို စိတ်ထဲ ပြန်သွင်းလို့ စကားပြန်ပြင်လိုက်တယ် ။

"ကျွန်တော် ဒါရိုက်တာကိုစောင့်နေတာပါ "

အသုံးအနူန်းပြင်လိုက်တဲ့အပေါ် ဟာရူတိုက ဘာမှခံစားရပုံမပေါ်ဘူး ။ ပုံမှန် အခြေအနေအတိုင်းပဲရှိနေတယ် ။

" အိုခေ ဒီအတိုင်းပြင်လိုက် အခြေအနေက မင်းကိုပြောပြရမှာနည်းနည်းအဆင်မပြေလို့ .. ပြသနာကိုငါဖြေရှင်းလိုက်ပြီ နောက်လတွေလည်း အဲ့ဆိုင်ခွဲကို မင်းပဲ သွားစစ်ဖို့ တာဝန်ပေးလိုက်မယ် "

"မဟုတ်သေးဘူး..ကျွန်

သူစစ်ဆေးရေးတာဝန်ခံလည်းမဟုတ်ပဲ ဒီအလုပ်ကို ဘာလို့လုပ်ရမှာလဲဆိုတာကို ထုတ်​ပြောချင်ပေမဲ့ မပြောမိလိုက် ။

" ပြသနာရှိလို့လား "

" မဟုတ်ပါဘူး ဒါဆို သွားခွင့်ပြုပါဉီး "

သူ လှည့်ထွက်တဲ့အချိန်မှာပဲ အခန်းထဲဝင်လာသော သူမ ... ဟာရူတိုရဲ့ ချစ်သူဆိုသော ကောင်မလေး .. ။ သူမ ပုံစံက သူ့ကိုမြင်တော့ နည်းနည်း အံ့သြသွားသယောင်။

" အဲ .. ဟိုနေ့က "

" မင်းသွားလို့ရပြီ "

ဂျောင်ဝူး တစ်ခုခု ပြန်မပြောခင်အချိန်မှာပဲ ဟာရူတိုဆီက အသံထွက်လာတယ် ။
အင်းလေ သူ့ကိစ္စဘာရှိသေးတာမလို့လဲ .. သွားရမှာပေါ့ ။

AGAIN  [ completed ]Where stories live. Discover now