(zawgyi)
" ငါအောက်မှာရောက်နေပြီ ဆင်းလာတော့ "အလုပ်ဆင်းခါနီး ဝင်လာတဲ့ message ကြောင့် ဂျောင်ဝူးက ပြုံးမိတယ် ။ ဒီအလုပ်ရကတည်းက ဟာရူတို သူ့ကိုအကြိုအပို့လုပ်ပေးနေတာ ဖြစ်တယ် ။ အိမ်ကကားကိုဘာလို့ယူလာသလဲမေးတော့ သူ့ဝယ်ထားတဲ့ဟာမလို့ယူလာတာပါတဲ့လေ .. ။
ပြုံးစိစိနဲ့ သူ့ကို ဘေးနားက လုပ်ဖော်ကိုင်ဖက် စီနီယာကြည့်လို့ ..
" ငါ့မှာတော့ လူသစ်ကကောင်ချောလေးဆိုပြီးသတင်းရကတည်းကရင်ခုန်နေတာ ရောက်လာတော့ တံဆိပ်ကပ်ပြီးသားဖြစ်နေတယ်ဟယ် "
ဂျောင်ဝူးက စီနီယာအစ်မကိုကြည့်လို့ အသံထွက်ပြီးရယ်မိလေတော့တယ် ။ ပိုင်ဆိုင်ရှိကြောင်း ပြသထားစေချင်ပါတယ်ဆိုပြီး ဟာ ရူတိုက လက်စွပ်ကို မချွတ်ပဲဝတ်ခိုင်းထားတာကြောင့် သူ့ရဲ့လက်သကြွယ်မှာ သူတို့၎နစ်ပြည့်တုန်းက ပေးထားတဲ့လက်စွပ်လေးက နေရာယူလို့ ...
" ကောင်မလေးကလည်း မင်းကို အချောလေးထင်တယ် "
ဂျောင်ဝူးဟာ မချိတင်ကဲလေး ပြုံးပြီး ခပ်ဖွဖွလေးဖြေလိုက်ပါတယ် ကောင်မလေးမဟုတ်ဘူး ကောင်လေးဆိုတဲ့အကြောင်း .. သူ့စကားကိုတော့ တစ်ဖွဲ့လုံးကစိတ်ဝင်စားသွားကြပြီး အနားကိုအုံလို့လာပါတယ် ။
" အိုးမိုင်ဂါ့ really .. အစ်မတို့ခေတ်မှီပါတယ်နော် ဒါမျိုးဆိုသိပ်စိတ်ဝင်စားတာ .. တွဲတာ ဘယ်လောက်ကြာပြီလဲ "
" ၄နှစ် ... ၄နှစ်ကျော်ပါပြီ ဗျ "
အမဲဖြတ်သလို ဝိုင်အုံနေကြတဲ့ကြားထဲ ဘယ်လိုထွက်ရမလဲအကြံအိုက်နေစဉ်မှာပဲ ဟာရူတိုဆီက message တစ်စောင် ထပ် ဝင်လာတယ် ။
" ဟိုလေ ကျွန်တော်အလုပ်ဆင်းတော့မယ် "
" လာကြိုတာလား ... အိုချစ်တတ်လိုက်တာ ..တူတူဆင်းရအောင်လေနော် "
".."
" ဒီကရောနော် လာပါအားလုံးတူတူအလုပ်ဆင်းရအောင် ပြီးရင် မိတ်ဆက်ပေးပါဉီး"
ဒီလူအုပ်ကြီးနဲ့ သူဘယ်လိုလုပ်ရပါ့ ...
အောက်ရောက်တော့ ကားတံခါးကို မှီလို့ရပ်နေတဲ့ဟာရူတိုက သူ့အနောက်ကလူတွေကို ဘာလဲဆိုပြီးအကြည့်နဲ့မေးတယ် ။ မသိမသာ မျက်နှာလေးရူံပြရင်း အသနားခံနေမိတယ် ။
YOU ARE READING
AGAIN [ completed ]
FanficHaJeongWoo Myanmar FanFiction Credit - cover photo zawgyi & unicode start: 20210813 end:20211009 @nanarain__