15 ~

1.1K 188 23
                                    

ဆိုး ဆီကို သူရောက်သွားတော့ သူမက ကောင်တမှာ မှီပြီး ထိုင်နေလေရဲ့ ... ။

" ကျွန်တော်ပို့ပေးမယ်ဆိုတာတောင် မရဘူးဗျာ ခဗျားလာမှတဲ့  "

သူရောက်သွားတော့ အဝင်ဝ မှာတင် bar မန်နေဂျာကောင်လေး ဆီမှ ထွက်လာသော စကား .. ဆိုးရဲ့သူငယ်ချင်းဆိုလည်း မမှားဘူး နောက်ပြီး ဆိုးကိုသဘောကျနေတယ်ဆိုတာလည်းသူသိထားတယ် ။

" ဆိုး "

" အာဟား .. ရူတိုက ဆိုးကိုပစ်မထားဘူးပဲ ရောက်လာပြီကွ "

သူမက သူ့လည်ပင်ကို ဖက်ဖို့လုပ်တော့ဘရှောင်တိမ်းလိုက်မိတယ် ။

" အိမ်ပြန်မယ် ထ "

ပြောပြီးတာနဲ့ သူမကို ဆွဲခေါ်လို့အပြင်ထွက်စေတယ်။ ကားတံခါးဖွင့်ပေးမယ်လုပ်တော့ ..

" ဒီခုံမှ ပတ်ဂျောင်ဝူး ထိုင်သွားတာမလား မထိုင်ဘူး အဲ့တာဆို နောက်မှပဲ ထိုင်မှာ ဖယ် "

" အိုကေ  "

မူးနေရင် ပြသနာ ရှာတတ်တဲ့ အကြောင်းကို သိသူမလို့ ဘာမှ ပြောမနေတော့ .. ပြောနေရင် အရှည် အရှည်တြွေဖစ်ပြီး ပြသနာက ပြီးမှာမဟုတ်တော့ဘူးဆိုတာ သိနေတယ် ။ အဲ့တာကြောင့်ပဲ စိတ်တိုင်းကျ နောက်မှာပဲ ထိုင်စေလိုက်တယ် ။

တစ်လမ်းလုံး အမျိုးမျိုး အထွေအထွေ ရစ်တာကို နားငြီးခံခံရင်း သူမ အိမ်ရှေ့ကိုရောက်လာတယ် ။ နောက်ပြီး သူကိုယ်တိုင်ပဲ အိမ်တခါးကို ဘဲလ် တီးပေးလိုက်တယ် ။

အိမ်ထဲရောက်တော့ ဆိုးရဲ့ အမေက ကြိုဆိုတယ် ။

" အို ဒီကလေးမ ညအချိန်မတော် .. မင်းတို့က ယူမှာ ဆိုပေမဲ့ ဒီအချိန်ကြီးထိတော့ မသင့်တော်ဘူးထင်တယ်နော် .. သမီးက မိန်းကလေး မလား "

" ဆိုးက မူးနေတယ်ဆိုပြီး ကျွန်တော့်ကိုဖုန်းဆက်ခေါ်လို့ သွားကြိုပြီးလာပို့ပေးတာပါ ခဗျ ကျွန်တော်နဲ့တူတူရှိနေတာမဟုတ်ပါဘူး "

ဟာရူတို က ရိုးရှင်းစွာပဲ အမှန်အတိုင်း ပြောလိုက်ပေမဲ့လို့ သူမ ( ဆိုးရဲ့အမေ) ဟာ အထိမခံဖြစ်လာကြောင်း မျက်နှာမှာ ပေါ်လွင်လာတယ် ။

AGAIN  [ completed ]Where stories live. Discover now