3 ~

1K 144 7
                                    

" ကျွန်တော်က အမြဲတမ်း ဝန်ထမ်းဖြစ်နေတာ ၃လတောင် ရှိပြီလေ ဘာလို့ နေရာအတိအကျမရပဲ တောက်တိုမယ်ရကို လုပ်ပေးနေရတာလဲ "

ဒီ မားကတ် ကို စဝင်ပါပြီ ဆိုကတည်းက နယ်ဆင်းရလည်းသူပဲ ၊ ဌာန အစည်းအဝေးထိုင်ရတာလည်း သူပဲ ဖြစ်သလို အခု ဆိုင်ပါ စဈရတော့မယ် တဲ့ ။ အလုပ်စားပွဲရယ်လို့ သတ်မှတ်ထားတဲ့ မိမိခုံမှာ တစ်ရက်တာလုံး ဖင်ပူအောင်တောင် မထိုင် ရပါပဲ ဟိုသွားဒီသွားလုပ်ရင်း ရုံးဆင်းနေရတဲ့ မိမိအဖြစ်က ရထားတဲ့ဘွဲ့နဲ့မှမလိုက် ။
အလုပ် တည်မြဲအောင်လို့ ကြိုးစားသည်းခံထားပါသော်လည်း ဆိုင်ဆင်းရမယ်ဆိုတာကြီးက လုံးဝမဖြစ်သင့်တာမလို့ သူပြန်ပြောလိုက်ခြင်းဖြစ်တယ် ။

" မင်း လုပ်သက် ကို အရင်ကြည့်ပြီးမှ ဒီစကားထွက် မင်းလုပ်သက်နုသေးသရွေ့တော့ မင်းကိုပဲ ခိုင်းမှာ မလုပ်ချင်ရင် ထွက်လို့ရတယ် "

လုပ်ချင်လုပ် မလုပ်ချင်ထွက်ဆိုတဲ့ စကားက မတူမတန်သလို ထွက်လာပြီးနောက်တော့ ဂျောင်ဝူးက လက်ညိုးထိပ်ကို လက်မ နဲ့ ကုတ်ခြစ်လို့ မိမိစိတ်ကို ထိန်းယူရတယ် ။ နောက်ပြီး စိတ်ကို ထပ်လျော့တယ် ။

ဘာတတ်နိုင်မလဲ .. လုပ်ရတော့မှာပေါ့ ။

အား ..

အလုပ်စားပွဲမှာထိုင်လိုက်ရင်း လက်ထိပ်က နာကျင်မှု​ကို ခံစားလိုက်ရတယ် ။ လက်သည်းရာ နဲ့ ပွန်းပဲ့နေသော လက်ညိုးထိပ်က စုတ်ပြတ်လို့ .. တစ်ချက် ကြည့်လိုက်ပြီးနောက် အံဆွဲထဲက ပလာစတာ တစ်ခုကို ယူပြီး ကပ်လိုက်တယ် ။
အရင်လို လက်ထိပ်တွေ မဖဲ့ဖို့ထိန်းပေးမဲ့သူ မရှိတဲ့နောက်ပိုင်း မှာ ဒီပလာစတာ တွေက သူ့အတွက်အဖော်ပဲ .. ။

စိတ်လူပ်ရှားတိုင်း စိတ်မထိန်းနိုင်တိုင်း လက်ကိုက်တတ်တဲ့ လက်ထိပ်တွေဖဲ့တတ်တဲ့ သူအကျင့်ကိုဟာရူတိုက ကောင်းကောင်းသိတယ် ။ ဖြစ်တိုင်းလည်း သွေးထွက်နေတဲ့ သူ့ရဲ့ လက်ချောင်းတွေကို ခပ်ဖွဖွကိုင်လို့ နူတ်ခမ်းနဲ့ဖွဖွ လေပူမူတ်ပေးပြီးမှ ပလာစတာ ကပ်ပေးလေ့ရှိတယ် ။ ပြီးရင်တော့ နောက်တစ်ခါ အဲ့လို မလုပ်ဖို့နဲ့ ထပ်ပြီး ကိုက်မိ ဖဲ့မိ မှာဆိုးလို့ ဆိုပြီး သူ့လက်ကို ဆုပ်ကိုင်ထားပေးတယ် ။

AGAIN  [ completed ]Where stories live. Discover now