Chapter-2

161K 11K 1.9K
                                    

၁၂လပိုင်း၏ပထမဆုံးရက်။

တက္ကသိုလ်များပြန်ဖွင့်သည့်ရက်မို့ မြို့တော်ရှိလမ်းများ၌ တက္ကသိုလ်ကျောင်းသားများကို ဟိုတစ်စု၊ သည်တစ်စု တွေ့နေရသည်။

“ငယ်လေး မုန့်ဝယ်သွားဦးမလား”

“ကိုကြီး ကျွန်တော့ကို မူကြိုကလေးမှတ်နေတာလား”

“မိုင်လိုကုန်နေပြီမလား ၊ နေ့ခင်းဆိုငယ်လေးသောက်နေကျလေ၊ ကျောင်းကန်တင်းမှာရ၊ မရက မသေချာဘူးနော်”

“ကိုကိုကလည်း၊ ငယ်လေးသောက်ချင်ရင်သောက်မှာပေါ့၊ ပိုပိုလိုလို ထည့်ပေးလိုက်ရင်ရတာပဲ၊ ရှေ့က Mini Market မှာ ခဏရပ်လိုက်၊ မွန်လေးဆင်းဝယ်လိုက်မယ်”

“ဟုတ်ပါပြီကွာ၊ ကိုယ်တို့ငယ်လေးက လူပျိုလေးဖြစ်လာပြီဆိုတော့ ရှက်တတ်နေပြီထင်တယ်”

“မရှက်ပါဘူးဗျာ ၊ ဒီတိုင်းအိပ်ရေးမဝဖြစ်နေလို့ ပြန်မဖြေတာ”

“အေးပါ အိပ်အိပ် ၊ နာရီဝက်လောက်တော့ အိပ်လို့ရဦးမယ်”

သူကိုကြီးကိုဘာမှပြန်မပြောတော့ဘဲ မျက်လုံးကိုသာမှိတ်ထားလိုက်မိ၏။ မနက်ကျောင်းတက်ရမည်ကိုသိသော်ငြား ညကအိပ်မပျော်သည်မို့ မျက်စိညောင်းအောင်ဂိမ်းဆော့ရင်း မျက်စိကပိုကျယ်လာကာ ည သုံးနာရီထိဖြစ်သွားသည်မို့ ခေါင်းကလုံးဝမကြည်ချင်။ ကျောင်းဖွင့်သည့်ပထမဆုံးရက်မို့ အရမ်းအရေးမကြီးသော်ငြား တက္ကသိုလ်ကျောင်းသားဘဝ၏ ပထမဆုံးရက်လည်းဖြစ်သည်မို့ သွားလည်းသွားကြည့်ချင်သည်။ ထို့ကြောင့်ပင် အိပ်ပျက်ခံ၍ ထွက်လာခဲ့ခြင်းပင်။

သည်နိုင်ငံ၌ မျိုးရိုးမြင့်လေလေ သွားရမည့်လမ်းကြောင်းများကို အဆင်သင့်သတ်မှတ်ပေးပြီးသားဖြစ်လေလေဖြစ်၏။ သူ့အနေနှင့် ကျောင်းပြီးသည်နှင့် စီးပွားရေးနှင့်အုပ်ချုပ်ရေးနယ်ပယ်ထဲသို့ဝင်ရောက်ရမည်မို့ ထိုဘာသာရပ်များကိုသာ လေ့လာလိုက်စားရမည်ဖြစ်သည်။ အခြားဘာသာရပ်များကိုရွေးချယ်ချင်လျှင်လည်း ရွေးချယ်ခွင့်ရှိပါ၏။ သို့သော် အချိန်တန်လျှင်ယူရမည့်တာဝန်များကိုလည်း မဖြစ်မနေယူရမည်မို့ တအားဝါသနာပါသူများဆိုလျှင်တော့ တွဲဖက်၍ လေ့လာလိုက်စားကြသည်သာ။

I bet you love me. [Completed]Where stories live. Discover now