Chapter-33

134K 8.5K 3.9K
                                    

ဧပြီလဖြစ်သည်မို့ မြို့တော်၏ရာသီဥတုဟာ အနည်းငယ်တော့ ခြောက်သွေ့သွေ့။ သစ်ပင်များစွာရှိသောကြောင့်သာ နွေရာသီ၏အပူဒဏ်ကို လွန်စွာမခံစားရခြင်းပေ။

မြို့တော်သူ၊ မြို့တော်သားများ၊ ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားသားအချို့ကတော့ ဥတုရာသီမရွေး ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသဖြင့် မြို့တော်ဟာ အမြဲတစေသက်ဝင်လှုပ်ရှားနေလျက်။

တော်ဝင်မျိုးနွယ်တို့အခြေချရာနေရာဖြစ်သည့်အလျောက် မြို့တော်၏ ကျယ်ဝန်းသောဧရိယာအတွင်း၌ စိတ်ဝင်စားစရာနေရာများစွာရှိသလို ခမ်းနားလှပသော အဆောက်အဦများ၊ လည်ပတ်စရာနေရာများနှင့် သမိုင်းဝင်ပြတိုက်များလည်းရှိ၏။ ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားစရာအကောင်းဆုံးအချက်မှာ မြို့တော်အတွင်း၌ပင် တိုင်းရင်းသားပေါင်းစုံတို့၏အစားအစာများကိုမြည်းစမ်းနိုင်ပြီး ယင်းစားသောက်ဖွယ်များကိုရနိုင်သည့်ဆိုင်များကိုလည်း ရိုးရာနှင့်အညီ ဒီဇိုင်းဆွဲထားခြင်းဖြစ်ချေ၏။

ထိုမျှမကသေး ဆိုင်များသို့လာသည့်ဧည့်သည်များအနေဖြင့် တိုင်းရင်းသားဝတ်စုံများကိုလည်း ဝယ်ယူနိုင်သလို ငှားဝတ်ပြီးလည်း ဓာတ်ပုံရိုက်၍ရသေးသည်။

တောင်ပေါ်ဒေသများ၌ ဆောင်းဦးနှင့်ဆောင်းရာသီတွင် ခရီးသွားဧည့်သည်များသည်ဟုဆိုရလျှင် မြို့တော်၌လည်း နွေရာသီဖြစ်သည့် ဧပြီလ၊ အထူးသဖြင့် စန္ဒြာမာသ တန်ခူးလ၌ ဧည့်သည်များအစည်ကားဆုံးပါပေ။

အကြောင်းမူကား မကြာခင်ကျရောက်မည်ဖြစ်သော မဟာသင်္ကြန်အခါသမယ၌ တစ်နှစ်တစ်ကြိမ်သာ ပွဲတော်အတွက်ဖွင့်လှစ်ပေးလေ့ရှိသော 'မြင်းမိုရ်စံမြန်းပတ္တမြားနန်းတော်' ထဲသို့ဝင်ရောက်ကာ ပွဲတော်ကိုဆင်နွှဲနိုင်မည့် ကံကောင်းသောလူအယောက်တစ်ထောင်စာရင်းထဲတွင် လူတန်းစားမရွေးပါဝင်နိုင်မည့်အခွင့်အရေးမျိုးရှိနေသောကြောင့်ပင်။

ထို့အတွက် နာမည်စာရင်းများကို ဧပြီလအစကတည်းကစတင်လက်ခံနေပြီမို့ အနယ်နယ်အရပ်ရပ်မှစိတ်ဝင်စားကြသူများအားလုံး မြို့တော်သို့တကူးတကလာရောက်ကာ စာရင်းပေးလေ့ရှိကြပြီး လူအယောက်တစ်ထောင်စာရင်းကြေညာမည့်ရက်အားစောင့်ဆိုင်းလေ့ရှိကြသည်။ ထိုသို့ လူရွေးချယ်ရာ၌လည်း ပြည်သူများအားလုံး၏ရှေ့မှောက်တွင်ပင် Live လွှင့်ကာ နည်းပညာကိုအသုံးပြု၍ နံပါတ်များကို ကျပန်းရွေးချယ်သွားခြင်းဖြစ်ပေ၏။

I bet you love me. [Completed]Where stories live. Discover now