Chapter-5

109K 9.9K 1.1K
                                    

ကျောင်းပိတ်ရက်ဖြစ်သည်မို့ သင်္ခါဦးဈာန် အဝတ်လျှော်ဖို့စိတ်ကူးနေ၏။ ပင်မင်းတွေအပ်ရတာ အကုန်အကျပိုများသည်မို့ မနေ့ကပင် အဝတ်လျှော်စက်တစ်လုံးဝယ်လိုက်မိသည်။ သူ့တွင်က အလွန်အကျွံသုံးဖြုန်းဖို့ထိမရှိသော်ငြား အရင်ကတည်းကစုထားသောမုန့်ဖိုးများရှိသည်မို့ လိုအပ်တာရှိလျှင်တော့ ဝယ်နိုင်သည့်အနေအထားတွင်ရှိသည်။

အဝတ်ခြင်းကို ဘေးတွင်ချပြီး စက်မှအညွှန်းများကိုသေချာလိုက်ဖတ်ပြီးနောက် နားလည်သလိုရှိသွားသည်။ အဝတ်များကိုထည့်ပြီး ဆပ်ပြာကိုချင့်ချိန်ထည့်လိုက်ပြီးနောက်‌ ရေထည့်ကာအဖုံးပိတ်လိုက်ပြီး စက်မှခလုတ်ကိုလှည့်လိုက်၏။

ဝရော!!!!!

“Fuck! ဘာလား”

ရုတ်တရက်မို့လန့်သွားပြီးမှ ရေကျသံများကိုသတိပြုမိသွားသည်မို့ စက်အဖုံးကိုဖွင့်ကြည့်လိုက်မိတော့ ရေကတစ်ဝက်ကျိုးနေပြီပင်။

“Fuck! ငါဘာလုပ်လိုက်မိတာလဲ”

လှည့်လိုက်သည့်ခလုတ်ကိုအမြန်ပိတ်လိုက်မိပြီး အညွှန်းကိုသေချာပြန်ကြည့်လိုက်မိသည်။ အဝတ်လျှော်သည့်ခလုတ်နှင့် ရေထုတ်သည့်ခလုတ်ကို မှား၍ လှည့်လိုက်မိခြင်း။

သူ့ဘာသာတောင်ရယ်ချင်သလိုဖြစ်သွားပြီး ရေကိုထပ်ထည့်လိုက်ပြီးနောက် အညွှန်းနှင့်စက်မှခလုတ်ကိုတိုက်ကြည့်ကာ သေချာပြန်လှည့်လိုက်သည်။ ထို့အခါမှ စက်က စတင်လည်ပတ်တော့၏။

သူခပ်လှမ်းလှမ်းရှိထိုင်ခုံနှစ်ခုံပေါ်မှ ခေါင်းအုံးလေးနှစ်လုံးကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ပြုံးကာပြောလိုက်သည်။

“ဘယ်လိုလဲ မင်းတို့ကိုကြီးက အရမ်းတော်တယ်မလား”

ဖြေသံကားထွက်မလာသော်ငြား သူ့မျက်နှာကတော့ နွေးထွေးမှုအပြည့်ပါပင်။

တိုက်ခန်း၏တည်ဆောက်ပုံအရ ဝရံတာ၊ ဧည့်ခန်း၊ အိပ်ခန်းကျဉ်းတစ်ခန်းနှင့် မီးဖိုချောင်၊ ထိုနံဘေးတွင် အိမ်သာနှင့် ရေချိုးခန်းက တွဲလျက်သားပါ၏။ မီးဖိုများ၊ ပန်းကန်တင်သည့်နေရာများနှင့် ပန်းကန်ဆေးသည့်စင်တို့အတွက် နံရံနှင့်တတွဲတည်းဆောက်လုပ်ထားခြင်းဖြစ်ပြီး အိမ်သာနှင့်ရေချိုးခန်း၏ရှေ့ အလယ်တွင်တော့ မျက်နှာသစ်ဖို့ဘေစင်တစ်ခုရှိသည်။

I bet you love me. [Completed]Where stories live. Discover now