Chapter-35 (Uni+Zawgyi)

129K 7.8K 4.5K
                                    

ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည့် ဈာန့်မျက်နှာအမူအရာအား Video chat ဖြင့်တောက်လျှောက်စောင့်ကြည့်နေသည့်ကိန်းက ချက်ချင်းသတိထားမိသွား၏။

"ဈာန်! ဘာဖြစ်တာလဲ"

ကိန်း၏မေးသံအဆုံး ဈာန့်ခန္ဓာကိုယ်က ရုတ်တရက်လှုပ်ရှားသွားကာ ခပ်တောင့်တောင့်မတ်သွားတော့သည်။

"ဟာ ခင်ဗျားဒဏ်ရာနဲ့ ရုတ်တရက်ကြီး မလှုပ်ရှားသင့်ဘူး! "

ဆရာဝန်ထံမှ စိုးရိမ်တကြီးသတိပေးသံ ထွက်ပေါ်လာခြင်း။ အကြောင်းမှာ ဈာန့်လှုပ်ရှားမှုကြောင့် ဘယ်ဘက်လက်မောင်းမှ ဒဏ်ရာကိုချုပ်နေသော ဆရာဝန်၏လက်ထဲမှအပ်ပင် လွတ်ချလုမတတ်ဖြစ်သွားသောကြောင့်ပါချေ။ အကျိုးဆက်သည်ကား လက်မောင်းဒဏ်ရာမှ​ သွေးတို့က ပိုစိမ့်ထွက်လာခြင်း။

ဆရာဝန်နှင့်သူနာပြုတို့က စိုးရိမ်တကြီးဖြင့် ဒဏ်ရာကို သွေးပြန်တိတ်အောင် အလျင်အမြန်လုပ်ဆောင်နေကြသော်ငြား ဈာန့်ပုံစံကတော့ ခန္ဓာကိုယ်ဟန်ကတောင့်တင်းနေလျက် မျက်နှာအမူအရာက တည်တင်းခက်ထန်နေတော့၏။

"သား ​ဘာဖြစ်လို့လဲ"

"မင်း ဘာဖြစ်တာလဲ"

ဈာန့်ဒဏ်ရာချုပ်နေစဉ်တောက်လျောက် အကြောင်းကိစ္စကိုယ်စီ၊ အလုပ်ကိုယ်စီဖြင့် ဖုန်းပြောနေခဲ့ကြသော တော်ဝင်မိသားစုသုံးယောက်သည်လည်း ဈာန်အခြေအနေအား သတိထားမိသွားကြသည်မို့ ပြောဆိုနေခြင်းတို့ရပ်တန့်သွားကြကာ ကြင်ယာတော်နှင့် သျှန်ယုတို့ထံမှ ရှေ့ဆင့်နောက်ဆင့်မေးသံထွက်လာကြခြင်း။ သခင်ကြီးကတော့ အခြေအနေအား သေချာစူးစမ်းနေလျက်။

"ဈာန် ကိုယ့်ကိုကြည့်၊ ဘာဖြစ်..."

ဈာန့်ထံမှ မည်သည့်တုံ့ပြန်သံမှပြန်ထွက်မလာသော်ငြား တစ်ဖက်မှကိန်းကတော့ အဖြေကိုရိပ်မိသွားပြီမို့ စကားသံရပ်သွားတော့၏။ တော်ဝင်သက်တော်စောင့်များမှာလည်း အခြေအနေကိုနားမလည်နိုင်ဖြစ်နေကြသည်မို့ အလယ်တွင် ကြောင်တောင်တောင်ဖြစ်နေကြသည်။

တစ်ဖက်မှကိန်းက အသံတိတ်နေပြီး ဈာန့်ပုံစံအား စူးစိုက်ကြည့်နေ၏။ ကျန်သူများအားလုံးလည်း ထိုကဲ့သို့ပင်။

I bet you love me. [Completed]Donde viven las historias. Descúbrelo ahora