Chapter-3

128K 10.3K 1.8K
                                    

ညနေကျောင်းဆင်းချိန်ရောက်တော့ ဘေးကကလေကချေက ချက်ချင်းထထွက်သွား၏။ မထွက်ခင် သူ့စားပွဲထက် စာရွက်ပိုင်းလေးတစ်ခုကို တင်သွားသေးသည် ။

- ကြောက်ရင်တော့ မလာခဲ့နဲ့၊ ငါနာရီဝက်လောက်ပဲစောင့်ပေးမယ်

သူတောင်းစားလေးက သူ့စိတ်ကိုမည်သို့မည်ပုံဆွရမည်လဲဆိုတာ မွေးရာပါတတ်ကျွမ်းလာသည့်အလားပင်။ ကြည့်ရတာ မနက်ကရိုက်ချက်ကအားပျော့သွားသည့်ပုံရ၏။ သူ စာရွက်ပိုင်းလေးကိုလက်ထဲလုံးလိုက်ပြီးနောက် ထရပ်လိုက်သည်။ သူတို့နှစ်ယောက်ဖြစ်နေကြသည့်အခြေအနေကို မည်သူမှမသိကြ။ သူကလည်း ဘယ်သူ့ကိုမှပြောပြဖို့အစီအစဉ်မရှိ။ ပြောလိုက်ပါက ခေါင်ရိပ်ကိုသာ သူတားလို့ရမည်ဖြစ်ပြီး အမြွှာနှစ်ယောက်ကိုတော့ တားမရနိုင်ချေ။

“ကိန်း မင်းအဆင်ပြေရဲ့လား”

ခေါင်ရိပ်ကနောက်လှည့်ပြီးမေးလာသည်မို့…

“အင်း”

ခေါင်ရိပ်ဘေးမှတစ်ယောက်ကလည်းသူ့ကိုလှည့်ကြည့်လာသည်။ ပုံစံက စာကြမ်းပိုးပုံစံဖြစ်ပြီး ခေါင်ရိပ်ကဲ့သို့ မျက်မှန်နှင့်ဖြစ်၏။ အတန်းထဲမှလူများကလည်း သူ့အားတစ်နေကုန် လှည့်ကြည့်လှည့်ကြည့်လုပ်နေကြသလို ခုပြန်ခါနီးထိပင် သူမထွက်မချင်းကြည့်နေကြဆဲ။ ဟိုကလေကချေကောင်တစ်ယောက်သာ ကျောင်းဆင်းသည်နှင့် ရှေ့ဆုံးမှထွက်သွားခြင်းဖြစ်သည်။

ကျောင်းဆောင်ပြင်ပသို့ထွက်လာသည့်လမ်းတစ်လျှောက်လည်း လိုက်ကြည့်နေသူများကမနည်း။ လက်ရှိအချိန်၌ ကျောင်းနောက်သို့သွားလျှင်လည်း သူ့နောက်၌ တသီတတန်းကြီးပါလာတော့မည့်အလားပင်။ ထို့ပြင် သူ့သူငယ်ချင်းတွေကိုလည်း ထားခဲ့ဖို့မဖြစ်နိုင်တော့။ ဤသို့ဖြင့် လာကြိုသည့်ကားရှိရာထိ အမြန်ထွက်လာခဲ့လိုက်ပြီးနောက် ကားပေါ်တက်ကာအပြင်သို့ထွက်ခိုင်းလိုက်ပြီး ကျောင်းနှင့်ခပ်နီးနီးတွင်ပြန်ရပ်စေကာ ကျောင်းထဲသို့ပြန်လည်၍လှည့်ဝင်ခိုင်းလိုက်သည်။

“ကျောင်းစာကြည့်တိုက်ကိုသွားကြည့်မလို့ ၊ နည်းနည်းကြာလောက်တာမလို့ အိမ်တော်ကိုဖုန်းဆက်ထားလိုက်ဦး”

I bet you love me. [Completed]Where stories live. Discover now