Chapter-12

95.9K 9.8K 1.4K
                                    

ဈာန်ဟာ သူ့ခန္ဓာကိုယ်ထဲမှ သွေးကြောများအားလုံး ကြွတက်လာသလိုခံစားနေရပြီး ထကြွသောင်းကျန်းမတတ်ဖြစ်နေသော Pheromone များကို ထိန်းချုပ်နေရသည်ကပင် သူ့ဦးနှောက်တစ်ခုလုံးကို ပေါက်ထွက်လုမတတ်နာကျင်လာစေ၏။

သို့တိုင် သူက ထိန်းချုပ်ရခက်သော Dominant Omega တစ်ယောက်ဖြစ်သည်။ ထို့ပြင် မူမမှန်သူတစ်ယောက်၊ ပုံမှန်မဟုတ်သောသူတစ်ယောက်ဖြစ်၏။ သူက သူလက်မခံနိုင်ဘူးဆိုလျှင် အဆုံးထိဆန့်ကျင်တတ်သူဖြစ်ပြီး ထိုဆန့်ကျင်မှုက သူ့အားသေနိုင်စေလျှင်တောင် အသေခံသွားမည့်သူဖြစ်သည်။

သူ့ Pheromone ရနံ့များကို အခြားသူများရသည်အားမကြိုက်သဖြင့် အမြဲထိန်းသိမ်းထားခဲ့၏။ Heat ဝင်လျှင်တောင် နာကျင်မှုကိုအံတုပြီး ထိန်းသိမ်းထားခဲ့သူဖြစ်သည်။ ဒါက သူ့အတွက် ဆိုးကျိုးများစွာရှိလျှင်တောင် သူအမြဲလုပ်နေမည်ဖြစ်၏။

သူအနေနှင့် သူ့ Pheromone တို့ကြောင့် တဏှာရာဂတို့နိုးကြွလာသော မျက်နှာများကိုရွံရှာ၏။ ထိုအရာများကြောင့် ပြောင်းလဲခဲ့ရသည့် သူ့အတိတ်၊ ပြောင်းလဲခဲ့ရသောဆက်ဆံရေးများ၊ ဆုံးရှုံးခဲ့ရသော သူ့ကြိုးစားမှုများ အရာအားလုံးကိုစိတ်နာသည်။

သူက မိဘမေတ္တာမရခဲ့သော၊ မိဘနှစ်ပါးစလုံးကမုန်းတီးသောကလေးတစ်ယောက်ဖြစ်နေလျှင်တောင် ငယ်စဉ်ကတည်းက သူ၏ သန်မာမှု၊ ကြံ့ခိုင်မှု၊ ထက်မြက်မှုတို့ကြောင့် Dominant Alpha တစ်ယောက်၏ကြင်အင်များရှိသူမို့ အလေးထားတော့ခံခဲ့ရသည်သာ။

သူလည်း သူ့ကိုယ်သူဂုဏ်ယူမိခဲ့သည်။ သူကဘာမှမဟုတ်လျှင်တောင် ဩဇာကြီးသည့်အယ်လ်ဖာတစ်ယောက်ဖြစ်သည်မို့ အရွယ်ရောက်လျှင် အရာရာအဆင်ပြေသွားလိမ့်မည်ဟူ၍ စဉ်းစားရင်း အကောင်းဆုံးကြိုးစားရှင်သန်ခဲ့၏။

ဆေးစစ်ပြီးအမျိုးအစားခွဲသည့်အချိန်တွင်လည်း Dominant Alpha တစ်ယောက်အဖြစ် မှတ်တမ်းထွက်လာခဲ့သည်။ ထိုအချိန်၌ ပို၍သေချာသွားသည်မို့ သူက ဂိုဏ်းထဲတွင် ပိုမိုအလေးပေးခံရလာသလို သူကိုယ်တိုင်လည်း ဂိုဏ်း၏ဆက်ခံသူတစ်ယောက်အနေဖြင့် ယခင်ကထက်ပင် ပို၍ကြိုးစားခဲ့၏။ မည်မျှပင် ပင်ပန်းနေပါစေ သူအားမလျှော့ခဲ့။

I bet you love me. [Completed]Where stories live. Discover now