Chapter-19

111K 9.5K 2.7K
                                    

အချိန်ကာလသည် နေ့၊လ၊နှစ်တို့တိုက်စားသွားပြီးနောက် ၇နှစ်ပင်ကျော်လွန်သွားပြီဖြစ်၏။

ကုန်ဆုံးသွားသောအချိန်တို့ဟာ သောက်သုံးပြီးသွားသောဝိုင်များကဲ့သို့၊ ကြွေကျကာဆွေးမြည့်သွားသော သစ်ရွက်များကဲ့သို့၊ ကောင်းကင်ယံထက်လောင်ကျွမ်းသွားပါသော မီးပုံးပျံများကဲ့သို့ ပြန်လည်၍မရရှိနိုင်ပါတော့ချေ။

ထိုစဉ်ကာလအတွင်း ဖြစ်ပျက်ခဲ့သောဖြစ်ရပ်အချို့မှာလည်း လူအများလိုက်မမီနိုင်သည်အထိပင်။ ယင်းဖြစ်ရပ်များထဲမှထိပ်တန်းဖြစ်သည့်တစ်ခုအတွက်အဖြေကတော့ မြို့တော်တွင်သာမက၊ နိုင်ငံတစ်ဝှမ်းလုံးရော၊ တော်ဝင်မျိုးနွယ်အားစိတ်ဝင်စားသည့် နိုင်ငံတကာမှမီဒီယာများအတွက်ပါ ယခုထက်တိုင်ပဟေဠိဖြစ်နေကြဆဲ။

၎င်းသည်ကား မည်သည့်အရာဖြစ်သနည်း။

***

ပတ္တမြားတော်ဝင်စံအိမ်တော်အတွင်း ဆက်ခံသူသခင်လေး၏စံအိမ်၌ အထိန်းတော်များဟာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေကြသလို အခြားသောဝန်ထမ်းများမှာလည်း ရင်တမမနှင့်ဖြစ်နေကြပြီး သခင်လေးအမြန်ဆုံးပြန်ရောက်လာဖို့သာ ဆုတောင်းနေကြ၏။

“ခေါင်းဆောင် လေယာဉ်က ဘယ်အချိန်မှဆိုက်မှာပါလဲ”

အိမ်တော်ထိန်းကြီးက အပူရုပ်ကိုဟန်လုပ်ထိန်းကာ တော်ဝင်သက်တော်စောင့်တို့၏ခေါင်းဆောင်အား မေးလိုက်ခြင်း။

သက်တော်စောင့်ခေါင်းဆောင်ကလည်း နာရီကိုကြည့်လိုက်ပြီးနောက် ပြန်ဖြေသည်။

“၈နာရီဆိုက်မှာဆိုတော့ နောက်နာရီဝက်လောက်လိုပါသေးတယ်၊ ကြိုမဲ့သူတွေကရောက်လောက်ပြီမလို့ နောက် တစ်နာရီခွဲလောက်ဆိုရင် သခင်လေးပြန်ရောက်လာမယ်ထင်ပါတယ်”

ထိုစဉ် ဒုတိယထပ်၌ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်မို့ သူတို့မော့ကြည့်လိုက်မိကြသော်ငြား စိတ်ပူနေရုံမှလွဲ ဘာမှလည်းမတတ်နိုင်။

ဒုတိယထပ်၏ အိပ်ခန်းကျယ်တစ်ခုအတွင်းတွင်တော့ အိပ်ခန်း၏ရှေ့တွင်လည်း ဝန်ထမ်းများအပြည့်ရှိနေပါသလို အိပ်ခန်းအတွင်း၌လည်း ကလေးအထူးကုဆရာဝန်တစ်ယောက်၊ Special nurse နှစ်ယောက်နှင့် အထိန်းတော်နှစ်ယောက်က အလုပ်နှင့်လက်မပြတ်ကြ။

I bet you love me. [Completed]Where stories live. Discover now