Chapter-11

106K 9.5K 1.4K
                                    

ပိတ်ရက်ရောက်သည်နှင့် ကိန်းက နံနက်စောစောမှာကတည်းက ဈာန့်တိုက်ခန်းသို့ရောက်ချသွား၏။ လူသီးသန့်ရောက်သွားခြင်းတော့မဟုတ်။ သူနှင့်အတူ ချက်ပြုတ်ရေးကိရိယာတန်ဆာပလာအစုံအလင်နှင့်အတူ ချက်ပြုတ်ရာတွင်ထည့်မည့် ဟင်းခတ်နှင့်ပတ်သက်သည့်အရာများအားလုံးလည်းပါသည်။

ဈာန်က အိပ်ချင်မူးတူးနှင့် သူ့မီးဖိုချောင်ထဲတွင် ကိန်းလာရှုပ်နေသည်အား တစ်ချက်လေးမှမကူဘဲ ငုတ်တုပ်ထိုင်ကြည့်နေ၏။ ကိန်းကလည်း အနည်းငယ်မျှအကူအညီမတောင်း။ သူ့ဘာသာ အညွှန်းများဖတ်လိုက်၊ တပ်ဆင်ရေးတွေလုပ်လိုက်နှင့် တစ်ယောက်တည်းရှုပ်နေ၏။

ကိန်းက Microwave နှင့်ပတ်သက်၍ သေချာလုပ်ကိုင်တပ်ဆင်ပြီး အသုံးပြုပုံကိုနားလည်သွားတော့မှ ထမင်းစားပွဲဝိုင်းတွင်ထိုင်နေသည့် အိပ်ချင်မူးတူးပုံစံဖြစ်နေသော ဈာန့်အားလှည့်ကြည့်သည်။

“ပြန်အိပ်ချင်သေးရင်သွားအိပ်လေ၊ ငါပြီးမှ လာနှိုးမယ်”

“မင်းတစ်ယောက်တည်းဖြစ်နေမှာစိုးလို့”

“ဪ အခုက တော်တော်ကူ‌ဖော်လောင်ဖက်ရနေတာကိုး”

ကိန်းအပြောကြောင့် ဈာန်က အိပ်ချင်နေသောမျက်လုံးလေးများကိုစင်းပြီးရယ်၏။

“ဒါဆို ငါခဏဝင်အိပ်လိုက်ဦးမယ်၊ အားလုံးပြီးမှနိုးလာရင် ပန်းကန်တွေငါပဲဆေးမယ်ကွာ”

“OK”

ဈာန်ကပြန်ဝင်သွားသည်နှင့် ကိန်းက စားတော်ကဲကြီးရေးပေးလိုက်သော အညွှန်းစာရွက်ကိုထုတ်ကာ နည်းနည်းပြန်နွှေးလိုက်၏။ ထို့နောက် နက်ပြာရောင် အေပရွန်ကိုဝတ်လိုက်ပြီး သီးစုံထမင်းကြော်ဖို့ စတင်လှုပ်ရှားလိုက်တော့သည်။

‘Practice makes perfect’ဆိုသလိုပင် နေ့တိုင်း လေ့ကျင့်ခဲ့သည့်အကျိုးရလဒ်တို့က ထမင်းကြော်ကိုအရသာရှိရှိနှင့်အရောင်လှလှလေးဖြစ်စေ၏။ အချဉ်ကိုတော့ ကြက်သွန်ချဉ်သာလုပ်လိုက်ပြီး ထမင်းကြော်ကို ပန်းကန်ပြားနှစ်ချပ်ထဲခွဲထည့်လိုက်သည်။ ၎င်းတို့အပေါ်တွင် ကြက်ဥမွှေကြော်တစ်လုံးစီအုပ်လိုက်ပြီး ထောင့်တို့တွင်တော့ ကြက်အူချောင်းနှစ်ချောင်းစီတင်လိုက်သည်။

I bet you love me. [Completed]Where stories live. Discover now