Chapter-9

104K 9.8K 1.1K
                                    

ဈာန် သူ့ခါးအားဖက်တွယ်လာသည့် လက်ကလေးနှစ်ဖက်ကိုဖြုတ်ချလိုက်ပြီး ကလေးနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင်လုပ်လိုက်၏။ အသံကိုကြားကတည်းက သူသိပါသည်။ သူ့ဘဝ၌ မတော်ချင်လည်းမရခဲ့သလို မခေါ်ချင်လို့လည်း မရခဲ့သော သည်ကလေး။

ပါပါးနှင့်တစ်ထပ်တည်းတူညီသည့် အညိုရောင်ဆံပင်တို့နှင့် မျက်ဝန်းနက်တို့က အနှီကလေးသည် သူနှင့် သွေးတစ်ဝက်တူညီကြောင်း မည်သူမှ ကြည့်ရုံဖြင့် သိနိုင်မည်မဟုတ်ပါချေ။ မျက်ဝန်းနက်လေးတွေက သူ့အားတလက်လက်နှင့်ကြည့်လာပြီး တောင်းဆိုသလိုလေးပြောလာသည်။

"ကိုကို စိတ်မဆိုးပါနဲ့"

"မင်းကို ဘယ်သူလိုက်ပို့တာလဲ"

မေးလိုက်တော့ ကလေးက တစ်ဖက်ကိုလှည့်ကြည့်၏။ သူလည်းလိုက်ကြည့်လိုက်တော့ မင်းရတုရှင်က ကားပေါ်မှဆင်းလာပြီး သူတို့ဆီသို့လျှောက်လာကြောင်းတွေ့လိုက်ရသည်။

ကိန်းလည်း တစ်ဖက်မှလူအားတစ်ချက်ကြည့်လိုက်ပြီးနောက် ဘာမှမပြောဘဲ ကားဘော်ဒီကိုကျောမှီကာ လက်ပိုက်ထားရင်း ဈာန်နှင့်ရှေ့မှကလေးကိုသာ စိတ်ရှည်လက်ရှည်နှင့်ကြည့်နေလိုက်၏။ နှုတ်ခမ်းအစုံကတင်းတင်းစေ့ထားသလို သတိထားကြည့်ပါက မျက်ခုံးတန်းတို့သည်ပင် အနည်းငယ်တွန့်ချိုးနေပါသယောင်။

မင်းရတုရှင်က အနားသို့ရောက်လာပြီးနောက် ကိန်းကိုတစ်ချက်စိုက်ကြည့်သည်။ ကိန်းကတော့ ဈာန့်ကိုသာစိုက်ကြည့်နေသည်မို့ သူလည်း ဈာန့်ကိုပြန်ကြည့်လိုက်ပြီး...

"ဉာဏ်လေးက မင်းကိုအရမ်းတွေ့ချင်နေတာ၊ ဟိုတစ်နေ့ကဆို လွမ်းပြီးငိုနေလို့ ခေါ်လာပေးတာ"

"ဒါဆိုလည်း အခုတွေ့ပြီးပြီဆိုတော့ ပြန်ခေါ်သွား"

"ဟင့်အင်း ဟင့်အင်း မပြန်သေးဘူး"

ဈာန့်စကားဆုံးသည်ဆိုရုံပဲရှိသေး ဉာဏ်လေးက ချက်ချင်းငြင်းဆိုကာ ဈာန့်ကိုအတင်းပြန်ဖက်တွယ်တော့သည်။ ဈာန့်မျက်နှာက တစ်ဆထက်တစ်ဆပိုတင်းလာ၏။

"သန့်စင်မင်းဉာဏ်! ငါ့စိတ်က သိပ်ရှည်တာမဟုတ်ဘူးနော်"

"ဟင့်အင်း ကိုကိုမကျေနပ်ရင်ရိုက်၊ သားမသွားဘူး"

I bet you love me. [Completed]Where stories live. Discover now