Chapter-23

118K 9K 1.8K
                                    

နောက်တစ်နေ့၏ နေ့လယ်ခင်းအချိန်ဖြစ်ပြီး နေရာကတော့ နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းတစ်ခန်းအတွင်း၌ ဖြစ်သည်။
အခန်းက အတော်လေးကျယ်ဝန်းပြီး ငွေရောင်စားပွဲခင်းကိုခင်းကျင်းထားသည့် စားပွဲရှည်ဟာ လူ ၁၂ယောက်လောက် လွတ်လွတ်လပ်လပ်ထိုင်စားနိုင်သည့်အနေအထားမျိုးပင်။

စားပွဲ၏တစ်ဖက်တစ်ချက်စီ၌ ကုလားထိုင် ၆လုံးစီရှိ၏။ အခန်းတစ်ခုလုံးအတွင်းရှိအရောင်တို့ဟာ ချောကလက်ရောင်၊ငွေရောင်၊ရွှေရောင်မှိုင်းမှိုင်း၊အနက်ရောင်နှင့် အညိုရောင်စသည်ဖြင့် သူ့နေရာနှင့်သူရှိနေကြသည်မို့ ခေတ်မီခမ်းနားသော ခံစားချက်အား ခံစားရစေနိုင်သည်။

အခန်းနံရံ၏တစ်ဖက်ခြမ်း၌ တန်ဖိုးမြင့်ဝိုင်ပုလင်းများထားသည့် သုံးဆင့်ပါနံရံကပ်ဗီရိုတစ်လုံးရှိပြီး အခြားတစ်ဖက်ရှိနံရံတွင်တော့ နာမည်ကြီးပန်းချီကားချပ်များရှိ၏။

ထိုအခန်းအတွင်းတွင်တော့ စိမ်းပြာရောင်မျက်လုံးပိုင်ရှင်အမျိုးသားတစ်ယောက်၊ ပျားရည်ရောင်ဆံပင်ကောက်ပိုင်ရှင်အမျိုးသားတစ်ယောက်နှင့် မျက်မှန်တပ်ထားသည့် လူရည်မွန်ပုံစံအပြည့်ရှိသော အမျိုးသားတစ်ယောက်တို့က တြိဂံပုံစံထိုင်နေကြသည်။

စိမ်းပြာရောင်မျက်ဝန်းပိုင်ရှင်က ပန်းချီကားများရှိသောနံရံဘက်ခြမ်း၊ အခန်းတံခါးဘက်မှရေကြည့်လျှင် လေးခုံမြောက်၌ တစ်ယောက်တည်းထိုင်နေခြင်းဖြစ်ပြီး တစ်ဖက်တွင်တော့ ကျန်နှစ်ယောက်က အချင်းချင်းတစ်ခုံခြားလျက်ထိုင်နေကြ၏။

ထိုသုံးယောက်အထဲ၌ စိမ်းပြာရောင်မျက်ဝန်းပိုင်ရှင်ကသာ Suits အနက်ရောင်ကို ဝတ်စုံပြည့် ဝတ်ဆင်ထားခြင်းဖြစ်ပြီး သူ၏ရွှေအိုရောင်ဆံပင်ရှည်တို့ကိုတော့ ထုံးစံအတိုင်းအမြင့်မြှောက်စည်းထားသည်။ ကျန်နှစ်ယောက်ကတော့ ပေါ့ပေါ့ပါးပါး ကော်လာရှပ်တို့ကိုသာ ဝတ်ဆင်ထားကြ၏။

"ဘိုးတော်က ငါ့ကို နေ့နေ့ညညဖုန်းတွေဆက်နေတာ၊ မင်းကို ခဏခဏသွားကြည့်ပြီး လိုတာကူညီဖို့ဆိုပြီး၊ ဘယ်လိုလဲ နေရထိုင်ရတာအဆင်ပြေတယ်မလား"

I bet you love me. [Completed]Where stories live. Discover now