Chapter-42

115K 7K 3.2K
                                    

[ Every Zawgyi font is under the Unicode. If you can't read this part, I bet it is wp error. So, remove my fic from your library first then add it again. You can do this action till you can read. This advice is the only thing that I can help you. Thank you. 💚]

*** ***

မိနစ်အနည်းငယ်ကြာမျှ မယုံနိုင်ခြင်းများစွာဖြင့် ငိုကြွေးပြီးနောက်တွင် နွေပယင်းဟာ တဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်လာခဲ့ပြီပင်။

ယခုအချိန်၌ သူတို့နှစ်ယောက်စလုံးဟာ အလုပ်ခန်း၏အတွင်းမှ စားပွဲဝိုင်းတွင် ထိုင်နေကြခြင်းဖြစ်ပြီး ခေါင်ရိပ်က စားပွဲထိပ်နေရာတွ​င်ထိုင်နေကာ ပယင်းကတော့ ခေါင်ရိပ်၏ဘယ်ဘက်ခြမ်းထိုင်ခုံ၌ ရှိနေ၏။

ခေါင်ရိပ်က အိမ်နေရင်းဝတ်လေ့ရှိသော ကော်လာပါသည့် စပို့ရှပ်လက်တိုအပြာနုရောင်ကို ဘောင်းဘီရှည်အနက်ရောင်နှင့်တွဲဝတ်ထားပြီး မျက်နှာထက်ရှိ ကိုင်းအနက်ရောင်နှင့်လေးထောင့်မျက်မှန်က သူ့အား အသက်ထက်ပို၍ရင့်ကျက်စေသည့်အသွင်ကို ဆောင်စေသည်။ အမြဲတစေ မျက်နှာထက်၌ နူးညံ့သောအပြုံးတို့မပြတ်တတ်သူဟာ ယခုအချိန်တွင်တော့ အမူအရာကင်းမဲ့သောမျက်နှာပေးနှင့်ရှိနေပြီး မျက်လွှာတို့ကိုလည်းချထားလျက် ပုံမှန်ထက်ပင် ပို၍တည်ငြိမ်နေတော့၏။

သူ့ပုံစံသည်ကား အတွေးတို့ထဲ၌ နစ်မြုပ်နေသည့်ဟန်ရပြီး သူဘာတွေတွေးနေသည်လဲဆိုတာကိုတော့ အရိပ်အကဲခတ်ရန်မလွယ်ကူပါချေ။

ပယင်းကတော့ အလုပ်မှတန်းလာခဲ့သူဖြစ်သည်မို့ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို အနက်ရောင် Pants ထဲထည့်ဝတ်ထားသည်။ လက်ရှိအချိန်​၌ သူ(မ)၏မျက်နှာဟာ ငိုထားခြင်း၏အရှိန်ကြောင့် နီရဲနေလျက်ရှိပြီး ဆံပင်ရှည်တို့ကိုလည်း အမြင့်မြှောက်စည်းထားသည်မို့ မျက်နှာကို ရှင်းရှင်းလင်းလင်း ပိုမြင်ရစေသည်။ မို့ဖောင်းရဲတွတ်နေသည့်မျက်ခွံလေးတွေက သူ(မ)၏ ထက်မြက်ချက်ချာဟန်ရှိသောအသွင်အပြင်ကိုပင် မှေးမှိန်သွားစေလျက် ချစ်ဖို့ကောင်းမှုတို့က အစားထိုးဝင်ရောက်နေပါတော့၏။

နောက်ထပ် တစ်မိနစ်မျှကြာပြီးနောက်တွင်တော့ သူတို့နှစ်ဦးစလုံးထံမှ သက်ပြင်းချသံတို့ဟာ တိုင်ပင်ထားခြင်းမရှိပါဘဲ တစ်ပြိုင်နက်တည်းဆိုသလို ထွက်ပေါ်လာပါတော့၏။

I bet you love me. [Completed]Where stories live. Discover now