Chapter-30

127K 9.3K 2.9K
                                    

နောက်တစ်နေ့နံနက်အစောပိုင်း၌ နိုင်ငံခြားသို့ရောက်နေသော မင်းမျိုးမဟာနွယ်၏ ကျန်းမာရေးသတင်းက တော်ဝင်စံအိမ်သို့ရောက်လာသည်မို့ ကိန်းတစ်ယောက် ရုတ်ချည်းဆိုသလိုပင် အစ်ကိုဖြစ်သူနောက်သို့ လိုက်သွားရတော့၏။ မနေ့ကလည်း အားလုံးပင်ပန်းထားကြ၍ မိသားစုတွေဆုံ၍စကားမပြောဖြစ်ခဲ့ကြသလို ယနေ့တွင်လည်း အရေးကြီးကိစ္စပေါ်လာ၍ စကားမပြောဖြစ်ကြတော့။

သည်တစ်ကြိမ်တွင် မဟာလေးက ကိန်းနှင့်အတူအိပ်ဖြစ်သည်မို့ သားမသိအောင် ခရီးသွားလို့မရ။ သားကို ဘယ်လိုမှာနားချ၍မရသည့်အဆုံးတွင်တော့ အိပ်ချင်မူးတူးဖြင့် မျက်ဝန်းထောင့်တို့မှ မျက်ရည်လုံးကြီးတွေစီးကျနေလျက် သူ့လည်တိုင်ကိုဖက်ကာ ငိုကြွေးဂျီကျနေသောသားအား သူနှင့်အတူ တစ်ပါတည်းခေါ်သွားရတော့၏။

ထိုအခါမှ သားက စိတ်ချလက်ချနှင့် အငိုတိတ်သွားတော့သည်။

ကိုကြီးရှိရာအိမ်တော်သို့ရောက်သွားချိန်တွင်တော့ ကိုကြီးက သိပ်စိုးရိမ်ရသည့်အခြေအနေတော့မဟုတ်။ သင်္ကြန်နီးလျှင် မွေးရပ်မြေသို့ပြန်လာနိုင်ရန်အတွက် အလုပ်တွေကိုအလွန်အကျွံလုပ်ခဲ့၍ အားနည်းကာ သတိလစ်သွားခဲ့ခြင်း။

သူတို့သားအဖရောက်သွားချိန်၌ ကိုကြီးက သတိပင်ပြန်လည်နေပြီဖြစ်၏။ သားက အိပ်ချင်နေဆဲမို့ မရီးတော်က သားကို ပြင်ဆင်ထားသည့်အခန်းဆီခေါ်သွားခဲ့ပြီး သူကတော့ ကိုကြီးရှိရာအခန်းထဲ၌ ကျန်နေဖြစ်ခဲ့သည်။ သို့ပေသည့် အခန်းထဲ၌ သူတို့ညီအစ်ကိုနှစ်ယောက်ပဲ ကျန်ခဲ့တာတော့မဟုတ်ပါချေ။

"ဦးရီးတော် မုန့်စား"

"ဟင်? "

ကိန်းတစ်ယောက် သူ့အား ဘီစကစ်သေးသေးလေးတစ်ခုကိုကမ်းပေးကာပြောလာသည့် သုံးနှစ်သမီး တူမတော်ပေါက်စလေးအား ချစ်စနိုးကြည့်လိုက်မိသည်။ မျက်ဝန်းနက်လေးနှင့်ဆိုတော့ ဖအေတူသမီး အငယ်လေးပင်။ ကိုကြီးက သမီးအမြွှာလေးနှစ်ယောက်မွေးထားကာ ကလေးနှစ်ယောက်က မျက်ဝန်းအရောင်လေးများသာကွဲပြီး အကြီးမလေးကတော့ မအေတူမျက်ဝန်းညိုလေးများကိုပိုင်ဆိုင်ထား၏။

I bet you love me. [Completed]Where stories live. Discover now