Part - 3

575 76 8
                                    

Chanyeol တို့အိမ်ပြန်ရောက်တော့ အမေက အပေါက်ဝမှာရပ်ကာ စိတ်ပူနေသောမျက်နှာထားဖြင့် ကားနားရောက်လာလေသည်။

" ဘာဖြစ်တာလဲ မိန်းမ "

" အစ်ကိုကြီးအိမ်ကို သွားမလို့လေ တူလေး Suho က အိမ်ပေါ်ကဆင်းသွားတယ်တဲ့လေ "

" ဗျာ ! Suho hyung ကလား ဘယ်လိုဖြစ်တာလဲ "

Suho hyung က အမေ့အစ်ကိုကမွေးထားတဲ့ Chanyeol ရဲ့ အစ်ကိုဖြစ်သည်။တစ်ဦးတည်းသောသားတွေဖြစ်တာမို့တစ်ယောက်နဲ့တစ်ယောက်လည်း ချစ်ကြသည်။Suho hyung က Chanyeol အတွက်တော့  ညီအစ်ကိုလိုရော သူငယ်ချင်းလိုရော ပေါင်းလို့ရပြီး စ်တ်ညစ်စရာတွေကိုလည်း နားထောင်ပေးတဲ့သုပေါ့။

Suho hyung လိုတည်တည်ငြိမ်ငြိမ်နဲ့ လူကဘယ်လိုဖြစ်လို့ အိမ်ပေါ်ကဆင်းသွားရတာလဲ။ Yixing hyung နဲ့တွဲနေတာကိုများ အိမ်ကသဘောမတူလို့များလား။ဦးလေးက များတစ်ခုခုပြောလိုက်လို့ အိမ်ပေါ်ဆင်းသွားတာများလား။ကားပေါ်မှာတော့ အမေက ငိုနေကာ Suho hyung ဆီတောက်လျှောက်ph ခေါ်နေလေသည်။အဖေကတော့ ဘေးနားကနေ စိတ်အေးအေးထားဖို့သာ ပြောနေသည်။

ဦးလေးအိမ်ကိုရောက်တော့ အမေက အထဲကိုမြန်မြန်ဝင်သွားလေသည်။Chanyeol နဲ့ အဖေလည်း အနောက်ကမြန်မြန်လိုက်ရသည်။

" တူလေး ကဘယ်လိုဖြစ်တာလဲ အစ်ကိုကြီးရယ် "

အမေကတော့ငိုနေတဲ့ ဒေါ်လေးဘေးနားထိုင်ကာ စကား စပြောလာသည်။ ဦးလေးက တော့ တော်တော်ဒေါသထွက်နေတဲ့ ပုံစံဖြစ်နေသည်။

" ဘာဖြစ်ရမှာလဲ မွေးရကျိုးမနပ်တဲ့သား အခုသူ့အကောင်က လက်ထပ်မယ် လာပြောလို့ ငါကလက်မခံဘူးပြောတာနဲ့ ချက်ချင်းဘဲ သူ့အကောင်နောက် လိုက်သွားတယ်လေ မိဘကိုကျေးဇူးကန်းတဲ့ ကောင် "

Yixing hyungနောက်လိုက်သွားသည်မို့ ဦးလေးကတော့တော်တော်ဒေါသထွက်နေသည်။Suho hyung ကရုပ်လည်းချောတယ် စာလည်းတော်တယ် အကုန်လုံးပြည့်စုံပြီးသား လူ။ တစ်ခုဘဲ ကျောင်းနေဘက်သူငယ်ချင်း Yixing hyung နဲ့ ကြိုက်နေတာတစ်ခုဘဲ။

Yixing hyung ကလည်း မျိုးရိုးမြင့်ထဲကပါဘဲ ဒါပေမယ့် ဦးလေးကတော့ ယောက်ျားလေးချင်း ကြိုက်တာ လက်ထပ်တာကို မကြိုက်ပါရွံ စရာလို့ သတ်မှတ်ထားသူဖြစ်သည်။

Bound By Love (Completed )Where stories live. Discover now