Part - 36

483 49 4
                                    

အသဲကိုသွားကြိုဖို့ Companyကအလုပ်တွေကိုအတွင်းရေးမှူးကိုအပ်ကာ ထွက်လာရင်း သမီးကျောင်းကPhဆက်လာတာမို့ ကျောင်းထဲပြန်ရောက်ပြီထင်လိုက်ပေမယ့် ထိုသို့မဟုတ်ခဲ့။
သမီးတို့စီးတဲ့ကျောင်းကားက ယာဉ်တိုက်မှုဖြစ်လို့တဲ့လေ။
ကားကိုပြန်လှည့်ကာ ဆေးရုံကိုသွားတော့ သမီးကဆရာမဘေးနားမှာငြိမ်ငြိမ်လေးထိုင်နေလေသည်။

" သမီး !! "

" ဒယ်ဒီ "

သမီးကိုရင်ခွင်ထဲဆွဲဖက်ကာ အဆင်ပြေလား ဘာဖြစ်သွားသေးလဲစစ်ဆေးကြည့်ရသည်။
ကားတစ်စီးကရှေ့ကဖြတ်ဝင်လိုက်တာမို့ ကားအရှေ့ပိုင်းကနည်းနည်းပွန်းသွားပြီး ကလေးတွေလည်းလန့်သွားသည်ဆိုသည်။

Chanyeolကတော့သမီးကိုစိတ်မချသေးတာကြောင့် ဒီမှာဘဲခဏနေကာဆေးစစ်တာတွေထပ်လုပ်ခိုင်းဖို့စဉ်းစားလိုက်သည်။အသဲကိုPhခေါ်ဖို့ကလည်း မနက်တည်းကမျက်နှာမကောင်းတာမို့မခေါ်မိ။
ဆရာမကိုမေးကြည့်တော့လည်း သူ့ဆီသာPhအရင်ဆက်လိုက်တာဆိုတာကြောင့် တော်သေးသည်လို့ပြောရမည်။

ကိုယ်ဝန်လည်းရှိတာမို့ စိတ်ထိခိုက်လို့မရတာကြောင့် HyungဆီသာPhဆက်ပြီးအကျိုးအကြောင်းပြောရသည်။
Hyungကတော့သူလာခဲ့မယ်ပြောသည်။
Chanyeolလည်းသမီးအတွက်သီးသန့်အခန်းယူပေးထားတာမို့ အမေတို့ကိုသာထိုင်စောင့်နေမိသည်။

" ဘာစားဦးမလဲ သမီး "

" ဟင့်အင်း အာပါးကိုမပြာနဲ့နော် သိလားဒယ်ဒီ အာပါးသိရင်စိတ်မကောင်းဖြစ်လိမ့်မယ် အူယူလေးလည်းစိတ်မကောင်းဖြစ်လိမ့်မယ် "

" ဟုတ်ပါပြီ ဒယ်ဒီမပြောဘူးနော် ဘာမှမစားချင်ရင်တစ်ရေးလောက်အိပ်လိုက်နော် "

သမီးအိပ်သည်အထိစောင့်နေရင်း အမေတို့လည်ရောက်လာကြသည်။

" Sehun ရောသိပြီးပြီလားသား "

" ကျွန်တော်မပြောရသေးဘူး အဖေ "

" မပြောလို့တော့မရဘူးလေ သားရယ် Sehunလေးကြားရင်လန့်သွားမှာ မနက်တည်းကမျက်နှာမကောင်းရှာဘူးမလား "

~~~Ring~~~

အသဲဆီက Phဆက်လာတာကြောင့် Chanyeolမှာကိုင်ရမလိုလို ပြန်ချရမလိုလိုပင်။

Bound By Love (Completed )Where stories live. Discover now