Part - 25

569 61 14
                                    

မနက်စောစောအိပ်ယာထချိန်ရောက်နေပြီမို့  Sehunလည်းထရတော့မည်ဖြစ်သည်။ခါးပေါ်ကလက်ကို ဖြေးဖြေးချင်းဖယ်ကာ ပြင်ဆင်ပြီးထွက်လာတော့ ဧည့်ခန်းထဲမှာသမီးက မုန့်စားရင်းTVကြည့်နေလေသည်။
Sehunထွက်လာတာကိုမြင်သည်နှင့် မုန့်ကိုချက်ချင်းဖွက်ကာ ရီပြတော့သည်။

ဒီကလေးအကျင့်တွေပျက်နေတာ အရင်တုန်းကကျောင်းပိတ်တဲ့ရက်ဆို နောက်ကျမှထသည်။အခုတော့စောစောထကာ Sehunမစားနဲ့လို့ပြောတဲ့ မုန့်တွေကိုမနက်စောစောထယူစားသည်။

Sehunကမဝယ်ပေးထားပေးမယ့် သူ့ဒယ်ဒီကတော့သူ့သမီးအကြိုက်အလိုလိုက်ကာဝယ်ပေးထားသည်။Sehunပြောရင်လည်းတကယ်မနိုင်ပါ။

" သမီး စားတာတော်တော့နော် ဖွားဖွားတို့ဆီလည်းသွားရဦးမှာလေ သမီးဒယ်ဒီကိုသွားနှိုးသွား "

" ဟုတ် အာပါး "

သမီးကျောင်းလည်းပိတ်တာမို့ ဒီနေ့ကအမေတို့အိမ်ကိုအလည်သွားကြမည်ဖြစ်မည်။စစချင်းတော့ အမေလို့ခေါ်ဖို့ခက်ပေမယ့် သူ့ကိုသားအရင်းတစ်ယောက်လိုရော သမီးရဲ့အာပါးတစ်ယောက်အဖြစ်ပါလက်ခံပေးတာကြောင့် Sehunလည်း အမေလို့သာခေါ်တော့သည်။

ဟိုဘက်အိမ်မှာလည်း မုန့်တွေလုပ်ထားဦးမှာဆိုတော့မနက်စာကို ပေါင်မုန့်မီးကင်လေးနဲ့ထောပတ်ဘဲပြင်ထားလိုက်သည်။
ကြက်ဥကြော်ကာ ပန်းကန်ထဲထည့်ပြီးသည်နှင့်စားပွဲခုံပေါ်တင်ကာ အုပ်ဆောင်းအုပ်ထားခဲ့သည်။
မနေ့ကလျှော်ထားသော အဝတ်များကိုတော့ဝရန်တာမှာသွားရုတ်ရဦးမည်။

အခန်းရှေ့ကအဖြတ် ရီသံတွေကြားရတာကြောင့် အခန်းတံခါးဖွင့်တော့ထင်သည်အတိုင်း သူတို့ကအိပ်ယာပေါ်ကမထသေးပေ။

" သမီး ကစားမနေနဲ့တော့ သွားအင်္ကျီထုတ်ရေချိုးတော့ "

သမီးကိုပြောတော့သမီးက Sehunကိုနှုတ်ခမ်းဆူပြကာထွက်သွားလေသည်။
အိပ်ယာပေါ်မှာအိပ်ချင်ယောင်ဆောင်နေသော လူကြီးကိုမနှိုးဘဲအပြင်ထွက်ကာ အဝတ်တွေရုတ်ပြီးခြင်းတောင်းထဲထည့်နေရင်း ခြင်းတောင်းကိုလာလုယူသလိုဖြစ်နေတာကြောင့် ကြည့်လိုက်တော့

Bound By Love (Completed )Where stories live. Discover now