Part - 12

475 63 14
                                        


March လရောက်လာခဲ့ပြီမို့သမီးလေးမွေးနေ့ကလည်းနီးလာပြီဖြစ်သည်။သမီးနဲ့အတူ Suho hyung တို့ပါ မွေးနေ့မှာ Jinhae ကိုသွားမယ်ဆိုကြသည်။
သမီးကတော့အခုတလော ဦးဦးဆိုကာပါးစပ်ဖျားကမချတော့ပါ။ကျောင်းပိတ်တိုင်း Suho hyung အဒေါ်အိမ်ကိုသွားပြီးလည်တယ်။

Sehun ကလည်းစာအုပ်ဆိုင်အပြင် တစ်ခြားဆိုင်ခွဲတွေပါဖွင့်ဖို့ပြင်နေသည်မို့ သမီးအမြဲတမ်းကြွားလုံးထုတ်နေသောဦးဦးဆိုသူကိုတစ်ခါမှမတွေ့မြင်ဖူးပါ။

~~~ Ring ~~~

" Juho ပြောလေဘာကိစ္စလဲ ? "

" Areumလေးမွေးနေ့ဘာလုပ်မှာလဲလို့မေးကြည့်တာ "

" အဲ့နေ့ကို Jinhaeသွားပြီး ပန်းပွဲတော်သွားလည်ကြမလို့မင်းရော လိုက်ခဲ့လေ "

" တော်ပါပြီမလိုက်တော့ပါဘူး ငါအဲ့နေ့လက်ဆောင်ပေးမယ် "

ဘာလက်ဆောင်လဲဆိုတာမေးတောင်မမေးလိုက်ရ ph ချသွားလေသည်။ဘာတွေများဒီလောက်လျှို့ဝှက်ထားပါလိမ့်။စာအုပ်စာရင်းတွေလုပ်နေရင်း သမီးကကျောင်းကပြန်ရောက်လာသည်။Yixing hyung သွားကြိုလာတာမို့ သူ့အကြိုက်မုန့်တွေစားပြီးရောက်လာတာဖြစ်မည်။

Suho hyung ကသာနည်းနည်းပါးပါးမတည့်တာဆိုမစားခိုင်းပေမယ့်။Yixing hyung ကတော့အဲ့လိုမဟုတ် သမီးပြောလိုက်တာနဲ့ချက်ချင်းကိုဝယ်ပေးသည်။Xingxing လို့ခေါ်လိုက်တာနဲ့ ဗျာ ဆိုကာအကုန်အလိုလိုက်တော့လေသည်။

အခုနောက်ပိုင်းဆို Sehun ဆီမှာတောင်းလို့မဝယ်ပေးလဲအရင်လိုစိတ်မကောက်တော့။ဟိုဘက်အိမ်မှာတောင်းလာသည်။မဝယ်ပေးပါနဲ့လို့ပြောလည်းမရ Areumလေးကိုချစ်လို့ဝယ်ပေးတာ မငြင်းပါနဲ့ဆိုတော့ Sehun မှာငြင်းလို့ကမရ။

" အာပါး မနက်ဖြန် ဦးဦးအိမ်သွားရင် အာပါးလည်းလိုက်ခဲ့ပါလား "

" မလိုက်တော့ပါဘူးသမီးရယ် သမီးဘဲသွားနော် "

" အာပါးကလည်း Areumလေးကအာပါးဘယ်လောက်ချောကြောင်းကြွားထားတဲ့ဟာကို "

" နောက်မှပေါ့သမီးရယ် "

" ဟုတ် "

နှုတ်ခမ်းလေးဆူကာ ဟုတ်လို့ပြောပြီး ဘေးနားမှာထိုင်ကာပုံဆွဲနေတော့လေသည်။ဆိုင်ထဲစာအုပ်လာဝယ်သူတွေကလည်း သမီးလေးကိုစကားတွေပြောကြစကြလေသည်။တစ်ချို့ပုံမှန်ဝယ်သူတွေဆို သမီးနဲ့ရင်းနှီးနေကြပြီဖြစ်သည်။

Bound By Love (Completed )Where stories live. Discover now