သမီးကိုကျောင်းပို့ပြီးသွားတော့လည်း Suho hyungကသွားစရာရှိသေးတယ်ဆိုကာ Yixing hyung ကိုကားပေါ်မြန်မြန်တက်ခိုင်းပြီးထွက်သွားတာမို့ Sehunမှာဘာမှမပြောလိုက်ရပါ။ဘေးနားကထိုလူကတော့ Sehunဘေးနားကမထွက်သွားသေး။
ကိုယ်လည်းသူနဲ့ပြောစရာစကားမရှိတာမို့ ဆိုင်ပြန်ဖို့ကားမှတ်တိုင်ရှာဖို့ထွက်လာလိုက်တော့သည်။" Sehun ! ဆိုင်ပြန်မှာမလား ကိုယ်လိုက်ပို့ပေးမယ် "
" မလိုပါဘူး ခင်ဗျားဘာသာအလုပ်သွား ကျွန်တော်ပြန်တတ်တယ် "
" လာပါကိုယ်လိုက်ပို့ပေးမယ် သမီးကိစ္စနဲ့ပတ်သတ်ပြီးပြောစရာလေးလည်းရှိသေးလို့ပါ "
သမီးကိစ္စလို့ပြောမှ Sehunကသူ့ဘက်ကိုကြည့်လာတောသည်။ကားတံခါးဖွင့်ပေးတော့ သက်ပြင်းဖွဖွချကာ ကားပေါ်တက်ထိုင်လေသည်။
Chanyeolလည်းကားပေါ်တက်ကာ ခါးပတ်ပတ်ပြီးသည်နှင့် မောင်းထွက်လိုက်တော့သည်။
ကားပေါ်မှာတော့ Sehunကဘေးဘက်ကိုသာကြည့်ပြီး လိုက်လာသည်။" Areumလေးက ကိုယ့်သမီးဆိုတာကို အမေတို့ကိုပြောပြလိုက်ပြီ "
Sehunကလန့်သွားကာ သူ့ဘက်ကိုလှည့်ကြည့်လာသည်။
ပေါင်ပေါ်တင်ထားသော လက်လေးကဖြန့်ထားရာကနေ လက်သီးလေးဆုပ်သွားသည်ကိုလည်း မြင်လိုက်သေးသည်။" မပြောလို့မရတော့တဲ့ အခြေအနေမို့ကိုယ်အသိပေးလိုက်ရတာပါ "
" ခင်ဗျားမိဘက လက်ခံလို့လား "
" အဖေကတော့ ဘာမှမပြောပေမယ့် အမေကတော့လက်မခံချင်ဘူး "
အေးလေ အန်တီလည်းဘယ်လက်ခံချင်ပါ့မလဲ။သူချစ်ခင်ပေးနေတဲ့ သမီးက ရုတ်တရက်ဆိုသလိုသူ့မြေးအရင်းဖြစ်သွားသည်ကို။Sehunစိတ်ထဲမှာတော့ သမီးကိုလက်ခံပေးစေချင်သည်။Sehunက မပတ်သတ်ချင်ဘူးဆိုရင်တောင် သမီးကတော့သူတို့သွေးသားမလား။မပတ်သတ်ချင်လို့လည်း မရဘူးလေ။
" ဒါကြောင့် အမေကDNA စစ်ချင်တယ်တဲ့ "
" ဗျာ !! "
Sehunဆီက ဒေါသသံထွက်လာသည်မို့ Chanyeolလည်းကားမောင်းရင်းဖျောင်းဖျရသည်။
" အမေက သိပ်မယုံချင်ဘူးဖြစ်နေတာ ပြီးတော့ဒီနေ့လည်း Suho hyung ကိုခေါ်ပြီး အဲ့အကြောင်းပြောမှာ "

YOU ARE READING
Bound By Love (Completed )
RomanceChanhun Start date - August 12 , 2021 End date - March 28 , 2022 Bubble - Eri