Part - 6

563 73 30
                                        


မနက်စောစောမှာတော့ Sehun တို့သားအဖဟာစောစောထပြီးအပေါ်ထပ်အင်္ကျီဧလးကိုယ်စီဝတ်ကာ ခြံထဲဆင်းလာကြသည်။မနက်စာထမင်းဝိုင်းအတွက်ခြံထဲက
သီးပင်စားပင်လေးတွေခူးကာစားကြဖို့ဖြစ်သည်။

ဆလပ်ရွက်လေးတွေကလည်း လှလှပပလေးဖြစ်နေပြီမို့ Sehun လည်းခူးလိုက်တော့သည်။ဘေးကသမီးကတော့ ခြင်းတောင်းလေးသယ်ထားကာSehun ဘေးရပ်လို့နေသည်။အတတ်မလေးကတော့ Sehun ကိုဟိုဟာခူး ဒီဟာမခူးနဲ့ဆိုကာ ဆရာလုပ်နေသေးသည်။

" အာပါး ကလည်း အဲ့တာကလှမှမလှတာခူးနဲ့ ဟိုနားကဟာလေးခူး "

" ဟုတ်ကဲ့ မမလေးခင်ဗျ "

" ဟီးဟီး အာပါးတော်တယ် "

လက်တစ်ဖက်ကခြင်းတောင်းကိုကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် လက်မသေးသေးလေးထောင်ကာတော်တယ်ဆိုကာပြောလာသောသမီးလေးက ချစ်စရာလေးပင်။ဒီချစ်မဝလေးကတော့ Sehun အသည်းတွေကို လှိုက်ကာစားနေတော့တာပါဘဲ။

ဆလပ်ရွက်ခူးပြီးတာနဲ့ သမီးကတော့ ခြင်းတောင်းလေးသယ်ကာ အိမ်ထဲဝင်သွားလေသည်။Sehun ကတော့သမီးနဲ့အတူစိုက်ထားတဲ့အပင်လေးတွေကို ကြည့်ရင်းဘေးနားကမြက်လေးတွေကိုနှုတ်နေလိုက်သည်။

ဒီနေ့က သူချက်စရာမလိုဘဲ Suho hyung တို့ချက်ကြမည်ဖြစ်သည်။မီးဖိုချောင်ထဲမှာတော့ သမီးလေးရဲ့ဆရာလုပ်ပြီးခိုင်းတဲ့အသံလေးတွေနဲ့ဆူဘံနေလိမ့်မည်။

တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးလာသည်မှာ မကြာခင်သမီးလေးတောင် 5 နှစ်ပြည့်လာတော့မည်။သမီးလေးကို သေချာသွန်သင်ဆုံးမထားသည်မို့ သမီးအတွက်အရမ်းကြီးစိတ်ပူစရာမလိုပေမယ့် သမီးလေးကြီးလာရင် အဆင့်တန်းမြင့်မြင့်နေနိုင်အောင် ခုတည်းက ပိုက်ဆံတွေစုနေရသည်။

သမီးလေးအတွက်ဂုဏ်ယူရတဲ့ အဖေဖြစ်အောင် ကျောင်းပြန်တက်ဖို့ဆုံးဖြတ်လိုက်ကာ Seoul ကိုပြန်လာလိုက်သည်။နောက်ဆုံးနှစ်ကို ပြန်တက်တော့သမီးလေးကို Suho hyung တို့နဲ့ထားခဲ့ရသည်။

စာတွေကိုပြန်လုပ်ရတော့ Stress တွေပိကာ သမီးလေးကိုသိပ်ဂရုမစိုက်နိုင်ခဲ့ပေမယ့် သမီးကတော့ သူ့အပေါ်မဆိုးပါ။ဟိုဟာလိုချင် ဒီဟာလိုချင်ဆိုတာလည်းသိပ်မတောင်းပါ။ဒါပေမယ့် Suho hyung တို့ဆီမှာတော့ တောင်းလေသည်။

Bound By Love (Completed )Where stories live. Discover now