Part - 29

666 49 6
                                    

မနက်ရောက်လို့မျက်လုံးဖွင့်ကာကြည့်မိတော့ ရင်အုပ်ကျယ်ကြီးကိုအရင်မြင်ရလေသည်။ခေါင်းမော့ကာကြည့်တော့ မောင်ကအိပ်နေတုန်းပင်။Sehunကိုယ်မှာလည်းအဝတ်အစားတွေဝတ်ပြီးသားဆိုတော့ မနေ့ကမောင်ဝတ်ပေးလိုက်တာဖြစ်မည်။သူကတော့ပင်ပန်းပြီးအိပ်ပျော်သွားတာမို့မသိလိုက်။

မနေ့ညကအကြောင်းစဉ်းစားမိတော့မျက်နှာပူလာသည်။မနေ့ကမောင့်ကိုချစ်တယ်လို့ဝန်ခံခဲ့သည်။မောင့်ကိုချစ်လို့ Sehunကိုယ်တိုင်ကလည်း လိုက်လျောမိသည်။တကယ်တော့ဒီကိုရောက်လာတည်းက Sehunမောင့်ကိုချစ်နေတာလား ဂရုစိုက်မိနေတာလားသဲသဲကွဲကွဲသိချင်လို့ရောက်လာတာဖြစ်သည်။

ဒီကိုရောက်လို့မောင့်မျက်နှာမြင်ချိန် Sehunစိတ်ထဲအလိုလိုပျော်မိသည်။မနက်မှာရတဲ့မောင့်အနမ်းရော ညဘက်အိပ်ချိန်မှာရတဲ့မောင့်ကိုယ်သင်းနံ့ကိုပါ စွဲလမ်းနေသည်။မောင့်ကိုမတွေ့ရရင် စိတ်ထဲတစ်ခုခုလိုသလိုလိုဖြစ်လာသည်။Sehunသိလိုက်ပါတယ် သူမောင့်ကိုချစ်နေမိပြီဆိုတာ။
ဒါကြောင့်လည်း သမီးပြန်တဲ့အခါမလိုက်ဘဲ Suho hyungကိုသာသမီးကိုကြိုဖို့ phဆက်ခေါ်လိုက်ရသည်။

Suho hyungတို့ရောက်လာချိန် သူမောင့်ကိုချစ်နေပြီဖြစ်ကြောင်းရှက်ရှက်နှင့်ပြောပြတော့ Hyungတို့ကဝမ်းသာကြသည်။အစတည်းက ချစ်ရမှာတဲ့လေ။အခုတော့လည်း နောက်မကျသေးပါဘူးတဲ့။

အကြောင်းအရာတွေပြန်စဉ်းစားနေရင်း ဘယ်အချိန်ရောက်နေပြီလဲမသိတော့ အခန်းထဲမှာလည်းနေအလင်းကနည်းနည်းရနေပြီဖြစ်သည်။ဒါပေမယ့်လည်း Sehunထချင်စိတ်မရှိပါ။သူ့ကိုဖက်ထားသောမောင့်ရင်ခွင်ထဲတိုးဝင်တော့ မောင်ကSehunကိုပိုတိုးဖက်ရင်းလျှောကျနေသော စောင်ကိုအပေါ်တိုးကာခြုံပေးလာသည်။

နောက်တစ်ခါနိုးလာချိန်မှာတော့ Sehunကိုဖက်ထားသောရင်ခွင်ကျယ်ကြီးမရှိတော့ပါ။အခန်းထဲအလင်းလည်းမရှိ။ခုဏနိုးတုန်းကတောင် အခန်းထဲအလင်းဝင်နေသေးတယ်မလား။ဘေးနားမောင်လည်းမရှိတော့ဘူးဆိုတော့ ထသွားပြီပေါ့ အချိန်တွေလည်းနောက်ကျနေပြီထင်တယ်။

" အ့! ကျွတ် ကျွတ် "

" နာသွားတာလား အသဲ ဖြေးဖြေးထမှာပေါ့ "

Bound By Love (Completed )Where stories live. Discover now