အိမ်ပြန်ရောက်တော့ Sehunက Areumလေးကိုချီကာအိပ်ပေါ်အမြန်တက်သွားလေသည်။
Yixing အနောက်လှည့်ကြည့်တော့ Chanyeolတို့ကားကလိုက်လာကာ သူတို့အနောက်မှာရပ်ထားသည်။" Suho ~~ "
" Xing အိမ်ထဲဝင်နှင့်နော် Chanyeolနဲ့စကားခဏပြောလိုက်ဦးမယ် Sehun ကိုလည်းကြည့်ထားလိုက်ဦး "
" အင်းပါ "
Suhoလည်းကားပေါ်ကဆင်းကာ Chanyeolတို့ကားနားသွားပြီး ကားတံခါးခေါက်ကာ
" မင်းတို့အားလုံး ငါ့နောက်ကလိုက်ခဲ့ကြ "
Suho hyungကခေါ်တာမို့ သူတို့လည်းကားကိုထားခဲ့ကာ အနောက်ကလိုက်ကြရသည်။Chanyeolကတော့ အိမ်လေးကို လည်တဆန့်ဆန့်ကြည့်ရင်း အနောက်ကလိုက်ခဲ့ရလေသည်။
အပေါ်ထပ် ပြတင်းတံခါးနားကနေ အပြင်ဘက်အခြေအနေကိုကြည့်နေသော Sehun ကတော့ Chanyeolတို့ထွက်သွားသည်နှင့် အိပ်ခန်းထဲဝင်ကာ အိပ်နေသောသမီးလေးဘေးနားဝင်လှဲမိသည်။
တစ်သက်လုံးအေးအေးချမ်းချမ်း နေနိုင်မယ်လို့ထင်ခဲ့မိတာ သူမှားသွားသည်။Sehunသိပ်မုန်းတဲ့ ထိုလူဟာ သူ့ကိုမိသားစုသဖွယ်စောင့်ရှောက်ပေးတဲ့ Suho hyung ညီဖြစ်နေခဲ့တာလား။ပြီးတော့ သမီးလေးပါးစပ်ဖျားကအမြဲတမ်းလိုလို ရွတ်နေတဲ့ ဦးဦးဆိုတာလည်း ထိုလူဖြစ်နေခဲ့သည်။
" အာပါး ~~ "
ရင်ခွင်ထဲမှာအိပ်ပျော်နေသောသမီးလေးက နိုးလာတာကြောင့် ပါးလေးကိုအနမ်းဖွဖွပေးမိသည်။
သမီးလေးရဲ့ မွေးနေ့မှာစိတ်ညစ်စရာတွေဖြစ်လာခဲ့လိမ့်မယ်လို့မတွေးခဲ့မိပါ။" ရေချိုးကြမယ်နော် ပြီးရင်ကိတ်မုန့်ခွဲကြတာပေါ့ "
" ဟုတ် အာပါး "
သမီးလေးပျော်ရွှင်နေသည့်ပုံကို မြင်ရတော့ Sehunလည်းပြုံးမိသည်။သမီးလေးဟာ သူ့ဘဝ သမီးလေးကြောင့်သာ သူအသက်ဆက်ရှင်နေနိုင်တာဖြစ်သည်။
ရေချိုးပြီးချိန် Yixing hyung ကလည်းကိတ်ပြင်ဆင်ဖို့သမီးကိုလာခေါ်သည်။ Yixing hyungကတော့ သူ့ကိုဘာမှမပြောပေ။
Sehunလည်းရေမချိုးခင် သမီးလေးအတွက်မီယောဂုကို
ချက်လိုက်သည်။အိုးသေးသေးလေးဖြင့် ချက်ထားသည်ကြောင့် အောက်ထပ်ကိုယူလာတော့ မီးဖိုချောင်ထဲမှာ သမီးလေးအသံများနှင့်ဆူညံနေသည်။
![](https://img.wattpad.com/cover/242094286-288-k895818.jpg)
YOU ARE READING
Bound By Love (Completed )
RomanceChanhun Start date - August 12 , 2021 End date - March 28 , 2022 Bubble - Eri