TV ချန်နယ်ကလာသော သတင်းကိုကြည့်ရင်း Sehunစိတ်ထဲဗလာကျင်းလာလေသည်။ ထိုလူချမ်းသာတာကိုသိပေမယ့် ဒီမျှလောက်ထိချမ်းသာသည်ကိုတော့မသိခဲ့ပါ။နိုင်ငံရဲ့အချမ်းသာဆုံးစာရင်းထဲမှာတောင်ပါသည်အထိချမ်းသာတယ်တဲ့လား။တကယ်ဘဲသူဟာဘယ်လိုလူနဲ့ပတ်သတ်ခဲ့မိတာပါလိမ့်။Suho hyungကသူ့အစ်ကိုဆိုတော့ Hyungတို့ကလည်းချမ်းသာတဲ့မိသားစုကဘဲပေါ့။
Suho hyungနဲ့အချိန်အတော်အကြာ အတူနေခဲ့သော်လည်း ချမ်းသာသည်ကိုတော့မသိခဲ့ပါ။ ဒီနေ့မအားလို့ညနေမှလာမယ်လို့ပြောခဲ့တာ ဆက်ခံသူကြေငြာမှာမို့လို့ပေါ့။ဒီလိုချမ်းသာတဲ့သူဘေးနားမှာမိန်းကလေးလှလှလေးတွေရှိနေမှာသေချာသည်။ဒါတောင်သူကSehunကိုချစ်တယ်ပြောပြီး မိသားစုဘဝအတူထူထောင်ချင်တယ်လို့ပြောခဲ့သေးသည်။
ထိုလူအိမ်မှာအပြောခံခဲ့ရတဲ့ ချစ်တယ်ဆိုတဲ့စကားကိုပြန်ကြားယောင်ရင်း Sehunနှလုံးခုန်မြန်လာသည်။သူကသူ့ဘာသာသူချစ်တယ်ပြောတာလေ Sehunမှသူ့ကိုမချစ်တာ။သူကလူယုတ်မာ မကောင်းတဲ့လူ။အကျင့်ပျက်နေတဲ့ သူဌေးသား။
ဒါပေမယ့် သမီးရဲ့အဖေအရင်းလည်းဖြစ်နေပြန်သည်။မနေ့ကသူပြောခဲ့တဲ့အကြောင်းကိုပြန်စဉ်းစားရင်း
*" ကိုယ်မှားခဲ့တာတွေအတွက်တောင်းပန်ပါတယ် … သမီးလေးအတွက်ရောမကြည့်တော့ဘူးလား Sehun သမီးကိုဒီလိုဘဲ အဖေတစ်ယောက်တည်းရှိတယ်လို့ပြောပြီး ပျိုးထောင်မလို့လား ?? "*
သမီးအကြောင်းပြောရအောင် သူကသမီးအကြောင်းဘယ်လောက်သိနေလို့လဲ။Sehunကဘဲဗိုက်အနာခံပြီးမွေးထားရတာ ငယ်ငယ်တည်းကကိုယ်တစ်ယောက်တည်းဘဲ ပြုစုပျိုးထောင်လာတာကို အခုမှလာပြီးသူကအဖေလာလုပ်နေတယ်။
သူကကိုယ့်ကိုချစ်တယ်ဆိုတာရောသေချာလို့လား။ တကယ်ဆိုSehunတို့ကသေချာတောင်တွေ့ခဲ့တာမဟုတ်ဘူးလေ။သူကအခုမှနိုင်ငံခြားကပြန်ရောက်ခဲ့သည်မှာမကြာသေးဘူးမလား။ထိုလူသူငယ်ချင်းပြောခဲ့တာတော့ သူနိုင်ငံခြားရောက်နေခဲ့တာတောင် Sehunကိုရှာနေခဲ့သည်တဲ့လေ။ဘာကြောင့်လဲ ?? အပြစ်ရှိသလိုခံစားစိတ်ကြောင့်လား။

YOU ARE READING
Bound By Love (Completed )
RomanceChanhun Start date - August 12 , 2021 End date - March 28 , 2022 Bubble - Eri