Part - 21

507 57 20
                                    

Areumလေးကို ဒယ်ဒီအဖြစ်လက်ခံချင်ရဲ့လားလို့မေးနေချိန် Chanyeol စိတ်လှုပ်ရှားလို့နေသည်။ကိုယ့်သွေးသားဆိုပေမယ့်လည်း Areumလေးဟာ အသဲကိုသာသူ့အာပါးလို့သာသိထားသည်မလား။
Chanyeolသာ Areumလေးရဲ့ဒယ်ဒီအရင်းဖြစ်တယ်လို့ပြောခဲ့ရင် လက်ခံပါ့မလား။
ရုတ်တရက်ဆိုသလို ရင်းနှီးနေတဲ့ဦးဦးက ဒယ်ဒီဖြစ်သွားရင်ရော။

ထိုလူကသမီးကို ဒယ်ဒီအဖြစ်လက်ခံချင်ရဲ့လားလို့မေးချိန် Sehun စကားပြောဖို့ပြင်လိုက်ပေမယ့် ရပ်လိုက်မိသည်။
သူကတကယ်လည်းသမီးရဲ့ ဒယ်ဒီအရင်းဘဲလေ။
Sehunကသာထိုလူကို လက်မခံချင်လို့ရပေမယ့် သမီးကတော့ သွေးသားရင်းမလား။ သမီးကထိုလူကို သူ့ဒယ်ဒီအဖြစ်လက်ခံချင်ရဲ့လားဆိုတာ Sehunလည်းသိချင်မိသည်။

Chanyeolရင်ခွင်ထဲကAreumလေးကတော့ မျက်လုံးလေးပြူးကာကြည့်လို့နေပြီး

" ဦးဦးကဘာလို့ Areumလေးဒယ်ဒီဖြစ်ချင်တာလဲဟင် "

" ဘာလို့လည်းဆိုတော့ ~~~ ဦးဦးကAreumလေးဒယ်ဒီမို့လို့လေ "

ဒယ်ဒီအရင်းဖြစ်တယ်လို့ပြောတဲ့အချိန် အသဲရဲ့ မျက်နှာကိုကြည့်ပြီးပြောမိသည်။အသဲကလည်း သူ့ကိုကြည့်နေသည်။ကိုယ်ပြောလိုက်တဲ့အချိန် မျက်လုံးလေးလည်းပြူးသွားသည်။ နောက်လည်းသိလာမှာဆိုတော့ အခုတည်းကပြောလိုက်တာလည်းကောင်းတာဘဲလေ။

" အာပါး! ဦးဦးကပြောသလို ဦးဦးကAreumလေးဒယ်ဒီလားဟင် "

သမီးကSehunကိုပြန်မေးလာတော့ Sehunလည်းရုတ်တရက်ဆိုတော့ ဘာပြောလို့ပြောရမှန်းမသိတော့ပါ။ထိုလူပြောစကားကို သမီးကသူ့ကို့ပြန်မေးလာသည်။စိတ်ရှိတိုင်းသာဆို မဟုတ်ဘူးလို့ငြင်းချင်ပေမယ့် သမီးရဲ့မျက်ဝန်းတွေကိုကြည့်ချိန် တစ်ခုခုကိုမျှော်လင့်နေပုံရသည်။

" သမီးဦးဦးက သမီးဒယ်ဒီဆိုရင်ရော သမီးကပျော်မှာလား ? "

" ပျော်တာပေါ့ ဒါဆိုဦးဦးကAreumလေးဒယ်ဒီပေါ့နော် "

ဥာဏ်လည်းကောင်းတဲ့Areumလေးဟာ သူ့အာပါးစကားအသွားအလာကို စဉ်းစားကာ ဦးဦးကိုသူ့ဒယ်ဒီအဖြစ်အသိအမှတ်ပြုလိုက်လေသည်။
ဦးဦးလို ရုပ်ချောတဲ့သူကAreumလေးဒယ်ဒီဘဲဟာကို Areumလေးက လက်မခံစရာမရှိပါဘူးနော်။
ဦးဦးက Areumလေးကိုအလိုလည်းလိုက်တယ်။

Bound By Love (Completed )Where stories live. Discover now