4 နှစ်ခန့်ကြာသော် ~~~~~
မိုးလေးဖွဲဖွဲလေးရွာနေသော Seoul မြို့မှာ လူများဟာ ထီဆောင်းကာ အလုပ်သွားကျ ကျောင်းသွားကျနှင့် အလုပ်များကာ လမ်းမပေါ်မှ ကားများမှာလည်းဖြေးဖြေးလေးမောင်းနှင်နေကြသည်။
မာဖိုမြို့နယ်ထဲက နှစ်ထပ်အိမ်လေး၏ အပေါ်ထပ်မှာတော့ လူတစ်ယောက်ဟာ မီးဖိုချောင်မှာ Apron လေးဝတ်ကာဟင်းချက်နေသည်။အိမ်လေးဟာအောက်ထပ်မှာလည်းမီးဖိုချောင်ရှိသလို အပေါ်ထပ်မှာလည်းမီးဖိုချောင်ရှိသည်။
ခြံလေးကလည်း ကျယ်သည်မို့ အပြင်ဘက်ထိုင်ခုံလေးများမှာလည်းမိုးရေများဖြင့် ရွှဲလို့နေသည်။ခြံထဲကအပင်တွေမှာလည်း မိုးရေစက်များတွဲခိုလို့နေသည်။
မိုးများစဲချိန် အိပ်ယာထပ်မှ အဖြူရောင်ဂါဝန်လေးဝတ်ထားသောကလေးလေးတစ်ယောက်ဟာနိုးထလာပါတော့သည်။ဘေးဘက်ကိုကြည့်လိုက်တော့ ဘယ်သူမှမရှိသည်မို့ ခေါင်းအုံးကိုပြန်တည့်ကာ စောင်လေးကိုလက်သေးသေးလေးဖြင့်ခေါက်လိုက်သည်။နောက်တော့ အခန်းတံခါးဖွင့်ကာ အပြင်ကိုထွက်လာလိုက်သည်။
မီးဖိုချောင်ကိုသွားကြည့်တော့ သူ့ကိုကျောပေးကာ Apron ဝတ်ထားပြီး တလှုပ်လှုပ်ဖြင့် အလုပ်ရှုပ်နေသော လူ၏အနောက်ကို ခြေသံတိုးတိုးဖြင့် ဖွဖွလေးနင်းကာ စဖို့ ပြင်လေတော့သည်။
" အာပါး !!! "
" အမလေး !! "
Apron ဝတ်ထားသောလူမှာဟင်းချက်သည်ကိုဘဲစိတ်ရောက်နေသည်မို့ အနောက်က ကလေးလေးအော်ခေါ်တော့မှ လန့်ဖြန့်ကာ လက်သုတ်ဝတ်ကိုလွှတ်ကနဲချကာအော်လိုက်လေသည်။
" Areum လေးရယ် အာပါးကလန့်သွားတာဘဲ နိုးလာပြီပေါ့ "
" ခစ်ခစ်ခစ် ~~~ အာပါးလန့်သွားပြီ "
မီးဖိုချောင်ထဲ လုပ်လက်စများကိုလက်စသတ်ကာAreum လေးကို မျက်နှာသစ်ပေး အဝတ်အစားလဲပေးရသည်။Areum လေးကတော့ သူ့အကြိုက်ဂါဝန်လေးဝတ်ရသည်မို့ ဂါဝန်စလေးကိုင်ကာ ပျော်လို့နေသည်။
ပခုံးကျော်ဆံပင်လေးကို ဆီးလေးနည်းနည်းဘဲလိမ်းပေးကာဖြီးပေးရသည်။ခေါင်းပေါ်မှာလည်း နေကြာပန်းကလစ်လေးကိုပန်ပေးလိုက်တော့ မှန်ကိုတစိမ့်စိမ့်ကြည့်ကာမခွာတော့ပါ။

YOU ARE READING
Bound By Love (Completed )
RomanceChanhun Start date - August 12 , 2021 End date - March 28 , 2022 Bubble - Eri