အမေတို့အိမ်မှာမနေတော့ဘဲ မိသားစုသုံးယောက်လွတ်လွတ်လပ်လပ်နေရအောင်ဆိုကာ တိုက်ခန်းကိုဘဲပြန်ပြောင်းလာကြသည်။
မနက်စောစောမှာ တိုက်ခန်းကထွက်ကာသမီးကိုသွားကြို ကျောင်းပို့ပြီးသည်နှင့် မောင်ကစာအုပ်ဆိုင်ကိုလိုက်ပို့ပေးသည်။အလုပ်သမားလေးတွေက စာရင်းတွေကိုသေချာလုပ်ထားတာပြန်ပြတာမို့ Sehunလည်းအရင်ကလောက် ခေါင်းမနှောက်တော့ပါ။အကြိုက်တွေ့လောက်မယ့် စာအုပ်လေးတစ်အုပ်ကာ ထောင့်တစ်နေရာမှာထိုင်ပြီး ဖတ်နေလိုက်သည်။
ဆိုင်ထဲရင်းနှီးနေကြမဟုတ်တဲ့ ဒေါက်ဖိနပ်သံကြားလိုက်ရတာမို့ စာအုပ်ကိုင်ကာထွက်ကြည့်တော့" Lily shi "
" Hello Oh Sehun shi အခုအားရဲ့လား "
Lilyကရုတ်တရက်ရောက်လာကာကော်ဖီဆိုင်ကို ခေါ်လာသည်။ဆိုင်မှာထိုင်ကာ ကော်ဖီသောက်ရင်း Sehunကိုပြုံးပြလာသည်။
" ဟန်နီးမွန်းသွားခဲ့တယ်ဆို ပျော်ခဲ့ရဲ့လား "
စကားမပြောဘဲ ခေါင်းငြိမ့်ပြတော့ သူမကလည်းခေါင်းငြိမ့်ပြလာသည်။
ခဏတာတိတ်ဆိတ်ပြီးနောက် မှန်အပြင်ဘက်ကိုလှမ်းကြည့်ရင်းစကားပြောလာသည်။" Yeolက ရုပ်လည်းချောတယ် စိတ်ရင်းလေးလည်းကောင်းတယ် ဖော်ရွေတယ် မိန်းကလေးတစ်ယောက်ကိုဦးစားပေးရမယ်ဆိုတာလည်းသိတယ် လူတိုင်းနဲ့တည့်အောင်ပေါင်းတတ်တယ် ကျောင်းမှာဆို Yeolကိုကြိုက်တဲ့သူတွေတပုံကြီး "
မောင့်အကြောင်းကို ပြောပြလာတာမို့ Sehunလည်းတိတ်တဆိတ်သာ နားထောင်နေမိသည်။
" Yeolနဲ့အခင်ဆုံးမိန်းကလေးဆိုလို့ တို့တစ်ယောက်ဘဲရှိတာ ကျောင်းကလူတွေကလည်း တို့နှစ်ယောက်ကိုလိုက်ဖက်တယ်လို့ထင်ကြေးတွေပေးထားကြတယ် တို့ကိုယ်တိုင်ကလည်း Yeolကိုတို့ရဲ့ဘဝကြင်ဖော်ဖြစ်လာမယ်လို့ ယုံကြည်ထားတာ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး …
နိုင်ငံခြားမှာကျောင်းတက်တုန်းက Yeolကျောင်းကိုစစရောက်ချင်း ပုံစံကြည့်ရတာ စိတ်လွတ်နေတဲ့ လူတစ်ယောက်လိုဘဲ တစ်စုံတစ်ခုကိုအမြဲတမ်းကြည့်ပြီး လွမ်းနေတတ်တယ် ဟက်! အဲ့တုန်းက တို့ထင်ခဲ့တာ မိသားစုကိုလွမ်းနေတယ်လို့ မှတ်ခဲ့တာ မထင်မှတ်ဘဲ Oh Sehun shiကိုလွမ်းနေခဲ့တာဘဲ … "
![](https://img.wattpad.com/cover/242094286-288-k895818.jpg)
YOU ARE READING
Bound By Love (Completed )
RomanceChanhun Start date - August 12 , 2021 End date - March 28 , 2022 Bubble - Eri