Part - 9

445 65 7
                                    


Sehun ကတော့ထမင်းဟင်းသေချာချက်ပြီးသည်နောက်အချိန်လေးပိုနေတာမို့ ခြံထဲဆင်းကာသစ်ပင်လေးတွေရေလောင်းလိုက်သည်။နောက်တော့ခြံထဲတံမြက်စည်းလှဲပြီး အိမ်ထဲဝင်ကာသန့်ရှင်းရေးပြန်လုပ်ရသည်။

ဒီနေ့က သမီးအကြိုက်တွေအများကြီးချက်ထားတာကြောင့် သမီးကတော့ ထမင်းများများစားမည်ထင်သည်။Suho hyung တို့လည်းဆိုင်သိမ်းချိန်နီးနေပြီမို့ Sehun လည်းအလုပ်တွေလက်စသတ်ကာ ရေချိုးရတော့သည်။

Chanyeolကတော့ ဆိုင်ထဲရောက်တာနဲ့Yixing hyungနဲ့အတူ စားပွဲဝိုင်းလေးမှာထိုင်ကာ ကိတ်ပေါ်ကိုသစ်သီးလေးတွေတင်နေသော ကလေးမလေးကိုအရင်မြင်မိသည်။

ဘေးက Yixing hyung က င်္ဒီနားလေးထည့်လို့ပြောသော်လည်း Areum လေးကိုဆရာမလုပ်ပါနဲ့ဆိုကာမျက်စောင်းလေးထိုးင်္ပြင်္ီး ကိတ်ပေါ်သူကြိုက်သလို အသီးတွေတင်ကာအလှဆင်လေသည်။

Areum လေးဆိုတော့ သူ့ကိတ်ကိုစားလိုက်တဲ့ကလေးမလေးဖြစ်မည်။Suho hyung ကအမြဲတန်းလိုလို တင်နေတဲ့ကလေးလေးက အပြင်မှာလည်းချစ်ဖို့ကောင်းသည်။

" Chanyeol ရောက်ပြီလား ထိုင်လေ "

" Areum လေးဆိုတာ ဟိုကလေးမလေးလားHyung "

Chanyeol လက်ညိုးထိုးပြရာနေရာကိုကြည့်ပြီး Suho လည်းခေါင်းငြိမ့်ပြလိုက်သည်။Chanyeol ကလည်း အတတ်မလေးနဲ့ခင်ချင်ပါတယ်ဆိုတာကြောင့် အနားခေါ်သွားကာမိတ်ဆက်ပေးရသည်။သို့သော်လည်းစကားတောင် မပြောရသေး အတတ်မလေးကသူ့ကိုအရင်ခေါ်လေသည်။

" Hoho ဒါလေးကိုဓာတ်ပုံရိုက်ပေး အာပါးကိုပြမလို့ "

" Hyung ကို Hoho လို့ခေါ်တာလား "

" အင်း ခဏ ငါဓာတ်ပုံသွားရိုက်ပေးလိုက်ဦးမယ် "

Suho hyung ရောက်သည်နှင့် ကိတ်ကိုဓာတ်ပုံရိုက်ကာ လှမလှကိုလည်း ထိုကလေးမလေးကိုပြရသေးသည်။နောက်တော့ ကိတ်ကိုရှေ့ချကာ ကလေးမလေးက ပိုစ်ပေးကာဓာတ်ပုံရိုက်တော့လေသည်။Chanyeol ကတော့ Hyung ဘေးနားရပ်ကာ ကလေးမလေးပိုစ်ပေးနေသည်ကိုသာ ကြည့်နေလိုက်တော့သည်။

" တော်ပြီလား ရိုက်ဦးမှာလား "

" တော်ပြီရိုက်တော့ဘူး Xingxing အအေးခန်းထဲထည့်ထားလိုက်နော် အိမ်ရောက်ရင်အာပါးနဲ့စားမလို့ "

Bound By Love (Completed )Where stories live. Discover now