Sehun ကတော့ မနေ့ကကိစ္စကြောင့်မနက်တည်းက Areumလေးကိုစကားသိပ်မပြောတော့ သူ့အရိပ်အခြေကိုသမီးကလိုက်ကြည့်နေလေတော့သည်။အမှားလုပ်မည်ဆိုးတာကြောင့် Sehun စိတ်ဆိုးမယ့်ကိစ္စတွေကိုဆိုတစ်ခုမှမလုပ်ပါ။ညရောက်တော့လည်းအခန်းထဲမှာကျောင်းကစာတွေကိုမလုပ်ဘဲ စာရင်းတွက်နေတဲ့ သူ့ဘေးနားကပ်ကာစားပွဲခုံအသေးလေးယူလာပြီး အိမ်စာလုပ်နေလေသည်။ စာလေးရေးလိုက် Sehun ကိုလည်းခိုးကြည့်လိုက်နဲ့ပင်။Sehun ကပြန်ကြည့်လိုက်ရင် ခေါင်းလေးငုံ့ကာ စာပြန်ရေးတော့လေသည်။
အိပ်ချိန်ရောက်လို့ ညဝတ်ဝမ်းဆက်လေးလဲပေးတော့ လက်ကလေးနှစ်ဖက်ကို ယှက်ကာ Sehun ကိုခေါ်လေတော့သည်။
" အာပါး ~~ Areum လေးမှားပါတယ်နော် နောက်တစ်ခါဆိုစားတော့ပါဘူးနော် Areum လေးကိုစိတ်ဆိုးပြေတော့နော် "
Sehun ကတင်ပလေထိုင်နေတော့ သမီးလေးအရပ်နဲ့ တစ်တန်းတည်းဖြစ်သွားသည်။ကြယ်သီးလေးတပ်လို့ပြီးသည်နှင့် Sehun ကိုချော့တော့လေသည်။
လက်သေးသေးလေးနှစ်ဖက်က ပခုံးကိုကိုင်ကာ ပါးနှစ်ဖက်ကို အနမ်းတွေပေးတော့လေသည်။" အူးးမွ အူးးမွ စိတ်ဆိုးပြေတော့နော် "
" နောက်တစ်ခါဆို အာပါး "
" သိတယ် သိတယ် Areum လေးလည်းလုပ်တော့ဘူး "
Sehun စကားပြောနေတာကိုဖြတ်ပြောကာ ပြုံးပြလာပြီး ပြောလာသည်။ Sehun ပေါ်ကိုတက်ထိုင်ကာ တခိခိနဲ့ရီနေလေတော့သည်။
" ရီမနေနဲ့တော့ အိပ်ကြမယ် "
" ဟုတ် "
သမီးလေးကိုစောင်သေးသေးလေးခြုံပေးပြီသည်နှင့် အပေါ်ကနေ Sehun ခြုံနေတဲ့ စောင်ကိုပါထပ်ခြုံလိုက်သည်။သမီးလေးကတော့ ခေါင်းအုံးမှာမအိပ်ဘဲ Sehun လက်မောင်းပေါ်မှာအိပ်လေသည်။ရင်ခွင်ထဲတိုးဝင်လာကာ Sehun မျက်နှာကိုကြည့်ပြီး
" အာပါး "
" အင်း"
" Areum လေးကို အာပါးကမွေးထားတာဆိုတော့ Areum လေးမှာ အိုမားမရှိဘူးပေါ့နော် "
" ဟင်! "
သမီးက ဒီလိုမေးလာလိမ့်မယ်လို့ မထင်ထားမိပါ။ကျောင်းမှာ သူငယ်ချင်းတွေရဲ့ အမေတွေကိုမြင်ပြီး မေးလာသည်ဖြစ်မည်။သိချင်သောမျက်လုံးလေးဖြင့် ကြည့်နေသောသမီးလေးကြောင့် ပြောရမည့်စကားလုံးများကိုသာခေါင်းထဲစီနေရသည်။
YOU ARE READING
Bound By Love (Completed )
RomanceChanhun Start date - August 12 , 2021 End date - March 28 , 2022 Bubble - Eri