Part - 31

592 51 8
                                        


အိမ်ထဲသို့ဝင်လာကာ မောင့်ဘေးနားကပ်ထိုင်နေသောLilyဆိုတဲ့မိန်းကလေးကို ကြည့်ပြီး Sehunလည်းဘာမှမပြောချင်တာကြောင့် ဧည့်သည်အတွက်အအေးဖျော်ခဲ့မယ်ပြောကာ နောက်ဖေးထဲ
ဝင်လာလိုက်သည်။

သမီးကတော့ သူ့ဒယ်ဒီပေါင်ပေါ်တက်ထိုင်ကာ ဘေးဘက်ကမိန်းကလေးကိုကြည့်နေသည်။အအေးချပေးပြီး သမီးကိုSehunကခေါ်တော့ သမီးကမလိုက်ဘူးလို့ငြင်းသည်။မောင့်ဘေးနားထိုင်ဖို့ကလည်းမကောင်းတာမို့ Suho hyungဘေးနားသာကပ်ထိုင်လိုက်ရတော့သည်။

" အန်လ်ကယ်တို့ရော ဘယ်သွားလဲ Yeol "

" ဒေါ်လေးတို့ကခရီးသွားတယ် Lily ဒီကိုဘာလာလုပ်တာလဲ ? "

ဘေးနားကSuho hyungဆီကစကားသံထွက်လာတာမို့ Lily ဆိုသူကHyungတို့နဲ့လည်းရင်းနှီးသူဖြစ်သည်။ထိုမိန်းကလေးက Suho hyungကိုပင်မကြည့်ဘဲ မောင့်ဘက်လှည့်ကာ စကားပြောလေသည်။

" Yeol အခုအားလား တို့ပြန်ရောက်လာတဲ့အထိမ်းအမှတ်အနေနဲ့ ညစာလိုက်ကျွေးချင်လို့ "

" ဒယ်ဒီမအားဘူး အန်တီရဲ့ ဒယ်ဒီကAreumလေးတို့နဲ့အတူ ညစာစားမှာ "

Areumလေးကလည်းသူ့ဒယ်ဒီ ဘေးဘက်က အန်တီကြီးကိုမျက်စောင်းထိုးကာ ဒယ်ဒီမလိုက်သွားအောင်လို့ ဗိုက်ကိုဖက်ထားတော့သည်။

တော်လိုက်တဲ့ငါ့တူမလေး နောက်မှမုန့်တွေတဝကြီးဝယ်ကျွေးဦးမယ်။Suho လည်းစိတ်ထဲကနေAreumလေးကို ချီးကျူးနေတော့သည်။

" Yeol သမီးလေးထင်တယ် ချစ်စရာလေးဘဲ "

ပါးလေးကိုကိုင်ကာ ပြောတော့Areumလေးက ဟွန့်ဆိုကာတစ်ဖက်လှည့်သွားတာမို့ Lilyမျက်နှာပျက်သွားလေသည်။ဧည့်ခန်းထဲစထိုင်တည်းက ဘာစကားမှမပြောဘဲနေသော Chanyeolဆီကစကားသံထွက်လို့လာသည်။

" အဖေတို့လည်းမရှိဘူး Lily မင်းပြန်ရောက်လာတာဝမ်းသာပါတယ် ညစာကိုတော့ ငြင်းပယ်ပါရစေ ကိုယ့်ယောက်ျားရယ် ကိုယ့်သမီးရယ်အတူညစာစားမှာမို့လို့ပါ "

" Yeolကလည်း Lilyကတစ်ခြားလူမှမဟုတ်တာ ငယ်ငယ်တည်းကYeolတို့နဲ့ခင်လာတာ မိသားစုဝင်လိုတောင်ဖြစ်နေပြီ ပြီးတော့ Yeolယောက်ျားကတို့ကို ညစာလေးတောင်ဖိတ်မကျွေးနိုင်လို့လား "

Bound By Love (Completed )Where stories live. Discover now