ကော်ဖီဆိုင်လေးအတွင်းမှာတော့
Shawn Medens ရဲ့ သီချင်းအေးအေးလေးတစ်ပုဒ်ဖြစ်တဲ့ Falling All In You ဆိုတဲ့သီချင်းသံလေးပျံ့လွှင့်နေလေသည်။" မင်းဘာလို့ငါ့ဆီခုမှရောက်လာတာလဲ "
" အလုပ်မအားလို့ပါကွာ … Areum လေးရောအိမ်မှာလား "
" မဟုတ်ဘူး သမီးကအသိအိမ်ခဏသွားတယ် "
" မကြာခင် Areum လေးမွေးနေ့ရောက်တော့မယ်မလား ငါကငါ့တူမလေးအတွက်လက်ဆောင်တောင် ပြင်ထားပြီးပြီ "
" အင်းလေ အဲ့နေ့ Jinhaeကိုသွားပြီး လျှောက်လည်ကြဖို့ လုပ်ထားသေးတယ်ဒါနဲ့ ငါ့ဆီလာတာပြောစရာရှိလို့လား Juho "
Juho လည်းကော်ဖီခွက်လေးကို ဖြေးဖြေးချင်းခုံပေါ်ချလိုက်ကာ Sehun ကိုကြည့်လိုက်ပြီး
" အဲ့လူငါ့ဆီရောက်လာတယ် Sehun "
Sehun မျက်နှာပျက်သွားကာ သူကိုလည်းအကြည့်လွှဲသွားသည်။လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်ထားကာ
" သူကဘာလာပြောတာလဲ မင်းသူ့ကိုမနှင်လွှတ်လိုက်ဘူးလား "
" အလုပ်ချိန်ကိုရောက်လာလို့ငါလည်းဘာမှမလုပ်လိုက်နိုင်ဘူး အဲ့လူကမင်းကိုတွေ့ချင်နေတယ် "
" ငါတော့မတွေ့ချင်ဘူး "
" သူကမင်းကိုရှာနေတာကြာပြီ … ပြီးတော့ ထပ်လည်းတောင်းပန်ချင်သေးတယ်တဲ့ "
" အဲ့လူယုတ်မာအကြောင်း ပြောဖို့လာခဲ့တာဆိုအခုပြန်လိုက်တော့ Juho ငါသူ့အကြောင်းဘာမှမကြားချင်ဘူး "
မျက်ရည်များကျကာ ပြောလာတဲ့Sehun ကြောင့် သူလည်းရပ်လိုက်ရသည်။Sehun ကအပြင်ပန်းကသာခက်ထန်သူ မာကျောသူလို့ထင်နိုင်ပေမယ့် အတွင်းစိတ်ကတော့နုနယ်သည်။အကြောင်းအရာတစ်ခုကိုလည်း အချိန်အတော်ကြာအောင် မမေ့ပစ်နိုင်ပါ။
သူနဲ့ကလည်း ကျောင်းသားဘဝမှာတည်းကခင်လာကာ တကယ့်ညီအစ်ကိုအရင်းတွေလိုပင်ဖြစ်နေသည်။Areum လေးကို လွယ်ထားရမှန်းသိချိန် Sehunဟာ တကယ့်အရူးမီးဝိုင်းဖြစ်နေခဲ့သည်။
ကျောင်းတက်ဖို့လည်းကြောက်သလို အခန်းအပြင်တောင်မထွက်တော့ပါ။စိတ်သက်သာရာရအောင် စကားတွေပြောပြီး ဗိုက်ထဲကအပြစ်မရှိတဲ့ကလေးကိုလည်းဘာမှမလုပ်ပြစ်ဖို့ နားချရသည်။ဒါတောင်မှ အိပ်ဆေးတွေသောက်ကာ ကိုယ့်ကိုကိုယ်သတ်သေဖို့ လုပ်နေသည်ကို သူကအချိန်မှီရောက်လာလို့ တားလိုက်နိုင်သည်။

YOU ARE READING
Bound By Love (Completed )
RomanceChanhun Start date - August 12 , 2021 End date - March 28 , 2022 Bubble - Eri