At Lisa office~~~~~
"နင်အလုပ်တွေပဲ ဖိလုပ်နေရင် ရူးသွားမယ်
နော်Lisa yar..."Lisa ရဲ့ရုံးခန်းထဲ ဝင်လာပြီး Lisaကိုဆူနေတဲ့Chaeyoung ဘာတွေ
မကျေနပ်ပြန်ပြီလဲ မသိဘူး မျက်နှာကြီးကလဲ
ဆူပုတ်နေသည်။ဒီကောင်မလေး တစ်ခုခုဖြစ်နေပါပြီ။
"ဘာဖြစ်ရပြန်တာလဲ Chae ရယ်"
"နင်လေအလုပ်ကြီးပဲ ဇွတ်လုပ်နေတာ
အခုနေ့လည်စာစားချိန် ရောက်နေပြီဆိုတာ
ရောသိရဲ့လား..... ဟမ်"ဗိုက်ဆာနေတဲ့အချိန် မစားရရင် စိတ်ဆိုးတတ်
တဲ့Chaeကတော့ ထုံးစံအတိုင်း ဒေါသထွက်
တယ်လေ.....ကိုယ်ကလဲကိုယ်ပဲ အလုပ်တွေပဲ
လုပ်နေတာ သူငယ်ချင်းကိုတောင် ဂရုမစိုက်နိုင်တဲ့အထိ။"ဟုတ်လား ငါသတိမထားမိလိုက်ဘူး"
ကိုယ်ကိုတောင်သတိမရပဲ အလုပ်ကိုပဲ မဲနေတဲ့LisaကိုChaeပိတ်ရိုက်ပစ်ချင်မိသည်။
"အေး....ဒီလိုသာ ကျပ်ကျပ်လုပ် နင်တစ်နေ့
ရူးတော့မှာ သိလား"နေ့လည်စာစားချိန်မေ့သွားတာနဲ့ပဲ ကိုယ်က
ရူးပေးရဦးမယ်တဲ့တစ်ကယ်ပါပဲနော် စိတ်ကောက်ပြီးပြောနေတဲ့
Chaeရဲ့ပုံလေးက တစ်မျိုးတစ်ဖုံချစ်ဖို့ကောင်းသည်။ဒီနေ့ထိLisaအတွက်Chaeက
အချစ်ဆုံးသူငယ်ချင်းဆိုလဲ
ဟုတ်တယ် အစ်မတစ်ယောက်ဆိုလဲ
မှန်တယ်််...မူလတန်းကတည်းက
Lisaနဲ့Chaeနဲ့က ခင်ခဲ့ကြတာလေ။Uniတတ်တော့လဲ Major အတူတူ
အခုလဲLisaရဲ့ Companyမှာ MD(Maniging Director)ဆိုတဲ့
ရာထူးနဲ့ Lisaကို ကူလုပ်ပေး
နေတာပဲကြည့်တော့ တစ်ကယ်ပြောတာChae
လောက်ကောင်းတဲ့ သူငယ်ချင်းမျိုးLisaမှာ
နောက်တစ်ယောက်မရှိနိုင်တော့ဘူး~~~~~"Lisaငါပြောနေတာတွေရောကြားရဲ့လား
နင်အလုပ်အကြောင်းတွေးနေပြန်ပြီလား.....""မဟုတ်တာ နင်ကလဲ....နင်ကဗိုက်စာနေတာ
ဆိုတော့ ဘယ်ဆိုင်သွားရင်ကောင်းမလဲလို့
စဉ်းစားနေတာပါ""တစ်ကယ်လားLisa....အဲ့တာဆိုလဲသွားမယ်လေ"
အစားအသောက်ကြောင်းလဲ ပြောလိုက်ရော
အခုကဆူပုတ်နေတဲ့မျက်နှာကြီးက လိုချင်
တာ ရသွားတဲ့ကလေးတစ်ယောက်သဖွယ်
မျက်နှာလေးကိုပြုံးရွှင်လို့နေလေရဲ့။
YOU ARE READING
I can love only you~~
Fanfictionအချစ် လို့ပြောလိုက်တာနဲ့Jenဆိုတဲ့ အမျိုးသမီးငယ်လေးကိုပဲ မြင်ယောင်မိသူမို့ သေချာပေါက် ဒီအမျိုးသမီးလေးကို ထာဝရပိုင်ဆိုင်ချင်မိပါရဲ့~~~~~ #Lisa အချိန်တွေနေရာတွေပြောင်းသွားရင်တောင်မှ Liအပေါ်ထားတဲ့Jenရဲ့အချစ်က မပြောင်းလဲမှာမို့သေချာပေါက် JenဟာLiအပိုင်ပါ...